Thursday, July 5, 2018

ဗိုလ္ခ်ုပ္ေျကးရုပ္ေတြ လုပ္တာ NLD မူ မဟုတ္ဘူးဟု NLD ပါတီ ေျပာခြင့္ရ ပုဂၢိုလ္ ေဒါက္တာ မ်ိုးညြန့္က ဘီဘီစီကို ေျပာ



Image Credit to AFP Image

ဗိုလ္ခ်ုပ္ေျကးရုပ္ေတြ လုပ္တာ NLD မူ မဟုတ္ဘူးဟု NLD ပါတီ ေျပာခြင့္ရ ပုဂၢိုလ္ ေဒါက္တာ မ်ိုးညြန့္က ဘီဘီစီကို ေျပာ

NLD အမ်ိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္ ပါတီ အာဏာ ရလာျပီး ေနာက္ပိုင္း ျမန္မာနိုင္ငံ တဝန္းမွာ ဗိုလ္ခ်ုပ္ေျကးရုပ္ ေတြ စိုက္ထူလာေနျကတာဟာ NLD ပါတီရဲ့ ညွြန္ျကားခ်က္ေျကာင့္ မဟုတ္ဘူးလို့ NLD ပါတီ ေျပာခြင့္ရ ပုဂၢိုလ္ ေဒါက္တာ မ်ိုးညြန့္က ဘီဘီစီကို ေျပာေၾကာင္း ဘီဘီစီ သတင္းမွာ ၄ ဇူလုိင္ ၂၀၁၈ ေန့စြဲျဖင့္ ေဖၚျပထားပါတယ္။

သတင္းအျပည့္အစုံမွာ-

ဗိုလ္ခ်ုပ္ ေျကးရုပ္ စိုက္ထူတာဟာ ေဒသခံ ျပည္သူေတြရဲ့ ဆနၵသာ ျဖစ္ျပီး NLD ပါတီရဲ့ မူဝါဒ မဟုတ္ဘူးလို့ ေဒါက္တာ မ်ိုးညြန့္က ေျပာပါတယ္။

လက္ရွိမွာ အထူးသျဖင့္ တိုင္းရင္းသား ေဒသေတြမွာ ဗိုလ္ခ်ုပ္ေျကးရုပ္ စိုက္ထူတဲ့ကိစၥအေပၚ ေဒသခံေတြရဲ့ ကန့္ကြက္မႈေတြ ေပၚေပါက္ေနျပီး ဇူလိုင္လ ၃ရက္ေန့က ကယားျပည္နယ္ လြိုင္ေကာ္မွာ ကန့္ကြက္သူ ေဒသခံ တခ်ို့ အမႈဖြင့္ အေရးယူခံခဲ့ရပါတယ္။

ဒီကိစၥမွာ အမ်ိုးသား ေခါင္းေဆာင္ျကီး ဗိုလ္ခ်ုပ္ ေအာင္ဆန္းကို ေလးစားတဲ့ ေဒသခံျပည္သူ တခ်ို့က သူတို့ရဲ့ ကိုယ္ပိုင္ဆနၵ၊ ကိုယ္ပိုင္ ရံပံုေငြနဲ့ ရုပ္ထု စိုက္ထူဖို့ သက္ဆိုင္ရာ အာဏာပိုင္ေတြကို တင္ျပခဲ့တာ ျဖစ္ျပီး ကန့္ကြက္သူ တခ်ို့ ရွိခဲ့ရာကေန အုပ္ခ်ုပ္ေရးပိုင္းနဲ့ ေဒသခံအျကား ျပႆနာ ျဖစ္ခဲ့တာလို့ ဆိုပါတယ္။

ဒါေပမယ့္လည္း ကန့္ကြက္သူေတြက ဗိုလ္ခ်ုပ္ကပဲ ျပည္ေထာင္စုအေရးကို ပ်က္ကြက္ခဲ့တယ္ ဆိုတဲ့ သေဘာမ်ိုး အထိ ဆြဲယူ ေျပာေနျကျပီး ဗိုလ္ခ်ုပ္ ရုပ္ထု စိုက္ထူတာကို ဆန့္က်င္ေနျကတယ္လို့ ဆိုပါတယ္။
နိုင္ငံေရး သံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ တိုင္းရင္းသား အခြင့္အေရး ျပႆနာ၊ တန္းတူေရး ျပႆနာ ေတာင္းဆိုေနတာ မရေသးတဲ့ အခ်ိန္ကာလမွာ တိုင္းရင္းသားေတြက သူတို့ ျပည္နယ္ေတြအတြက္ လိုအပ္တာက ဗိုလ္ခ်ုပ္ေအာင္ဆန္း ေျကးရုပ္ မဟုတ္ပဲ ၁၉၄၇ခုနွစ္ ပင္လံု သေဘာတူစာခ်ုပ္ပါ ကတိကဝတ္ေတြ အေကာင္အထည္ ေပၚလာဖို့ ျဖစ္တယ္လို့ ခံစားေနျကတဲ့ အခုလို ကန့္ကြက္ေနျကတာလို့ သံုးသပ္ပါတယ္။

အရင္က စစ္တပ္က ေဘးဖယ္ ေမွးမွိန္ထားတဲ့ ဗိုလ္ခ်ုပ္ေအာင္ဆန္းရဲ့ အခန္းက႑ဍကို ျပန္လည္ ေဖာ္ထုတ္ဖို့ အတြက္ ဆိုျပီး အခုလို ဗိုလ္ခ်ုပ္ ေအာင္ဆန္း ရုပ္ထု စိုက္ထူတာ ျဖစ္ေပမယ့္ တတိယအျကိမ္ ပင္လံု ညီလာခံမွာ တိုင္းရင္းသား အခြင့္အေရး ျပႆနာနဲ့ ပတ္သက္လို့ ေဆြးေနြးခြင့္ မရတဲ့ အခ်ိန္မ်ိုးမွာ တိုင္းရင္းသားေတြနဲ့ NLD ျကားမွာ ကြာဟမႈေတြ ပိုျဖစ္လာမယ္လို့ သူက ဆိုပါတယ္။

ဒီလိုသာ ဆက္လုပ္ေနမယ္ ဆိုရင္ တိုင္းရင္းသား ေဒသေတြမွာ NLD ရဲ့ စည္းရံုးေရး က်ဆင္းနိုင္တယ္၊ ၂၀၂၀ ခုနွစ္ ေရြးေကာက္ပြဲမွာ NLD ကို တိုင္းရင္းသားေတြရဲ့ ေထာက္ခံမႈေတြ က်ဆင္းနိုင္တယ္လို့ နိုင္ငံေရး အကဲခတ္ ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။

Unicode

ဗိုလ်ချုပ်ကြေးရုပ်တွေ လုပ်တာ NLD မူ မဟုတ်ဘူးဟု NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြော

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အာဏာ ရလာပြီး နောက်ပိုင်း မြန်မာနိုင်ငံ တဝန်းမှာ ဗိုလ်ချုပ်ကြေးရုပ် တွေ စိုက်ထူလာနေကြတာဟာ NLD ပါတီရဲ့ ညွှန်ကြားချက်ကြောင့် မဟုတ်ဘူးလို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြောကြောင်း ဘီဘီစီ သတင်းမှာ ၄ ဇူလိုင် ၂၀၁၈ နေ့စွဲဖြင့် ဖေါ်ပြထားပါတယ်။

သတင်းအပြည့်အစုံမှာ-

ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာဟာ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်ပြီး NLD ပါတီရဲ့ မူဝါဒ မဟုတ်ဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒီကိစ္စမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လေးစားတဲ့ ဒေသခံပြည်သူ တချို့က သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင် ရံပုံငွေနဲ့ ရုပ်ထု စိုက်ထူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့တာ ဖြစ်ပြီး ကန့်ကွက်သူ တချို့ ရှိခဲ့ရာကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ဒေသခံအကြား ပြဿနာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကန့်ကွက်သူတွေက ဗိုလ်ချုပ်ကပဲ ပြည်ထောင်စုအရေးကို ပျက်ကွက်ခဲ့တယ် ဆိုတဲ့ သဘောမျိုး အထိ ဆွဲယူ ပြောနေကြပြီး ဗိုလ်ချုပ် ရုပ်ထု စိုက်ထူတာကို ဆန့်ကျင်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး သုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တိုင်းရင်းသား အခွင့်အရေး ပြဿနာ၊ တန်းတူရေး ပြဿနာ တောင်းဆိုနေတာ မရသေးတဲ့ အချိန်ကာလမှာ တိုင်းရင်းသားတွေက သူတို့ ပြည်နယ်တွေအတွက် လိုအပ်တာက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မဟုတ်ပဲ ၁၉၄၇ခုနှစ် ပင်လုံ သဘောတူစာချုပ်ပါ ကတိကဝတ်တွေ အကောင်အထည် ပေါ်လာဖို့ ဖြစ်တယ်လို့ ခံစားနေကြတဲ့ အခုလို ကန့်ကွက်နေကြတာလို့ သုံးသပ်ပါတယ်။

အရင်က စစ်တပ်က ဘေးဖယ် မှေးမှိန်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ပြန်လည် ဖော်ထုတ်ဖို့ အတွက် ဆိုပြီး အခုလို ဗိုလ်ချုပ် အောင်ဆန်း ရုပ်ထု စိုက်ထူတာ ဖြစ်ပေမယ့် တတိယအကြိမ် ပင်လုံ ညီလာခံမှာ တိုင်းရင်းသား အခွင့်အရေး ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့် မရတဲ့ အချိန်မျိုးမှာ တိုင်းရင်းသားတွေနဲ့ NLD ကြားမှာ ကွာဟမှုတွေ ပိုဖြစ်လာမယ်လို့ သူက ဆိုပါတယ်။

ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် တိုင်းရင်းသား ဒေသတွေမှာ NLD ရဲ့ စည်းရုံးရေး ကျဆင်းနိုင်တယ်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကို တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတွေ ကျဆင်းနိုင်တယ်လို့ နိုင်ငံရေး အကဲခတ် ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
References: ဘီဘီစီ သတင်း ဘီဘီစီ သတင္း
Image: AFP

No comments:

Post a Comment