ေကာ့ေသာင္းၿမိဳ႕နယ္၊
ပုလံုးတံုးတံုး ေက်းရြာ၌ ေျမၿပိဳမႈ၊ နယ္ေျမခံ တပ္မေတာ္သားမ်ားက
ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္
ေကာ့ေသာင္း၊
ဇူလိုင္ ၃ဝ၊ ၂၀၁၈
တနသၤာရီတုိင္းေဒသႀကီး၊
ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း ယေန႔နံနက္ပိုင္းတြင္ မိုးသည္းထန္စြာ ရြာသြန္း၍
ေတာင္ၿပိဳမႈေၾကာင့္ ပုလံုးတံုးတံုး ေက်းရြာရွိ ေနအိမ္ငါးလံုးအား ေျမပိမႈမ်ား
ျဖစ္ေပၚခဲ့ရာ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက
ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးေနေၾကာင္း
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၏ Facebook တြင္ ယေန့ေဖၚျပခ်က္အရ
သိရွိရပါတယ္။
ေျမၿပိဳ၍
ေနအိမ္မ်ားေပၚသို႔ ေျမပိမႈေၾကာင့္ အမ်ဳိးသားႏွစ္ဦးႏွင့္ အမ်ဳိးသမီးသံုးဦး
ေသဆံုးၿပီး အမ်ဳိးသားတစ္ဦး ဒဏ္ရာရရွိခဲ့ရာ ၎တို႔အား ေကာ့ေသာင္းၿမိဳ႕
ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေပးၿပီး ရွာေဖြရွင္းလင္းေရး လုပ္ငန္းမ်ားႏွင့္
လိုအပ္သည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားကို နယ္ေျမခံ တပ္မေတာ္သားမ်ားက ဆက္လက္ေဆာင္ရြက္
ေပးလ်က္ရွိေၾကာင္းတုိ့ကုိ ဆက္လက္ေဖၚျပထားပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
Facebook
Unicode
ကော့သောင်းမြို့နယ်၊
ပုလုံးတုံးတုံး ကျေးရွာ၌ မြေပြိုမှု၊ နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
ဆောင်ရွက်
ကော့သောင်း၊
ဇူလိုင် ၃ဝ၊ ၂၀၁၈
တနင်္သာရီတိုင်းဒေသကြီး၊
ကော့သောင်းမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ပြိုမှုကြောင့်
ပုလုံးတုံးတုံး ကျေးရွာရှိ နေအိမ်ငါးလုံးအား မြေပိမှုများ ဖြစ်ပေါ်ခဲ့ရာ ကမ်းရိုးတန်းဒေသတိုင်း
စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook တွင် ယနေ့ဖေါ်ပြချက်အရ
သိရှိရပါတယ်။
မြေပြို၍
နေအိမ်များပေါ်သို့ မြေပိမှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးပြီး
အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အား ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး
ရှာဖွေရှင်းလင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နယ်မြေခံ
တပ်မတော်သားများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းတို့ကို ဆက်လက်ဖေါ်ပြထားပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference:
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook