မယ္ဆိုင္လိွုဏ္ဂူအတြင္း ေသဆုံးသြားေသာ ကယ္ဆယ္ေရးေရငုပ္သမားဟာ ဘယ္သူလဲ
မယ္ဆိုင္လိွုဏ္ဂူအတြင္း ေသဆုံးသြားေသာ ကယ္ဆယ္ေရးေရငုပ္သမားဟာ
ထိုင္းဘုရင္မင္းျမတ္ႀကီးႏွင့္ အတူ ျပည္သူအားလံုးေလးစားဂုဏ္ျပဳခံရေသာ ထိုင္းေတာ္ဝင္ေရတပ္မွ
တပ္ဖြဲ႕ဝင္ေဟာင္း တပ္ၾကပ္ၾကီး စမန္း ဘြန္အမ္းျဖစ္ေၾကာင္း
သိရွိရပါတယ္။
ထိုင္းေတာ္ဝင္ေရတပ္မွ တပ္ဖြဲ႕ဝင္ေဟာင္း တပ္ၾကပ္ၾကီး စမန္း ဘြန္အမ္း
၎၏ ႐ုပ္ကလပ္အား ခ်င္း႐ိုင္းခ႐ိုင္ ဖယန္မင္လိုင္းတပ္မေတာ္ေဆးရံုသို႕သယ္ေဆာင္လာသြားခဲ့ပါတယ္၊
Image SiThu Maung
တပ္ၾကပ္ၾကီးေဟာင္း စမန္းသည္ ဇူလိုင္လ
၆ ရက္ေန႕အကူးည ၂ နာရီအခ်ိန္တြင္ ဂူအတြင္းမွ
ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ျပီး ေရငုပ္ၿပီးျပန္အထြက္တြင္ ေအာက္စီဂ်င္ျပတ္၍
႐ုတ္တရက္ေသဆံုးသြားခဲ့ၿခင္း ျဖစ္ပါတယ္။
မယ္ဆိုင္လိွုဏ္ဂူအတြင္းက ျပန္ေတြ႕တဲ့
ေတာဝက္ ေဘာလုံးအသင္းသား ၁၂ ဦးနဲ႔ နည္းျပတဦး ကယ္ထုတ္ႏိုင္ေရးအတြက္
ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ႀကိဳးစားလုပ္ကိုင္ေဆာင္ရြက္ေနစဥ္ အျခားေသာေသးငယ္ေသာမေတာ္တဆမႈမ်ားလည္းၾကံဳေတြ႕ခဲ့ရျခင္းမ်ားလည္းရွိေၾကာင္း
မ်က္ျမင္သက္ေသမ်ားေျပာဆုိခ်က္မ်ားအရ သိရွိရပါတယ္။
နဳိင္ျမန္မာ Naing
Myanmar/ Australia
Unicode
မယ်ဆိုင်လှိုဏ်ဂူအတွင်း
သေဆုံးသွားသော ကယ်ဆယ်ရေးရေငုပ်သမားဟာ ဘယ်သူလဲ
မယ်ဆိုင်လှိုဏ်ဂူအတွင်း
သေဆုံးသွားသော ကယ်ဆယ်ရေးရေငုပ်သမားဟာ ထိုင်းဘုရင်မင်းမြတ်ကြီးနှင့် အတူ ပြည်သူအားလုံးလေးစားဂုဏ်ပြုခံရသော
ထိုင်းတော်ဝင်ရေတပ်မှ တပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး စမန်း ဘွန်အမ်းဖြစ်ကြောင်း သိရှိရပါတယ်။
ထိုင်းတော်ဝင်ရေတပ်မှ တပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး စမန်း
ဘွန်အမ်း
၎င်း၏ ရုပ်ကလပ်အား
ချင်းရိုင်းခရိုင် ဖယန်မင်လိုင်းတပ်မတော်ဆေးရုံသို့သယ်ဆောင်လာသွားခဲ့ပါတယ်၊
Image SiThu Maung
တပ်ကြပ်ကြီးဟောင်း
စမန်းသည် ဇူလိုင်လ ၆ ရက်နေ့အကူးည ၂ နာရီအချိန်တွင်
ဂူအတွင်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရေငုပ်ပြီးပြန်အထွက်တွင် အောက်စီဂျင်ပြတ်၍
ရုတ်တရက်သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။
မယ်ဆိုင်လှိုဏ်ဂူအတွင်းက
ပြန်တွေ့တဲ့ တောဝက် ဘောလုံးအသင်းသား ၁၂ ဦးနဲ့ နည်းပြတဦး ကယ်ထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို
ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေစဉ် အခြားသောသေးငယ်သောမတော်တဆမှုများလည်းကြုံတွေ့ခဲ့ရခြင်းများလည်းရှိကြောင်း
မျက်မြင်သက်သေများအဆိုအရ သိရှိရပါတယ်။
နိုင်မြန်မာ
Naing Myanmar/ Australia



No comments:
Post a Comment