ထုိင္းဂူတြင္းပိတ္မိေသာ လူငယ္မ်ား၏ ပထမရက္မွစရ်္ယေန့ထိ အေျခအေနအစအဆုံး
လက္ရွိ အေျခအေနကုိၾကည့္ရေအာင္
ပိတ္မိသူေတြထုတ္ဖုိ့လုပ္ငန္းက အဝင္လမ္းကိုၾကည့္တဲ့အခါ ဝင္သြားသလုိ ထြက္လာဖုိ့ လြယ္္ကူမွာမဟုတ္ဘူး၊
ဒီေတာ့ ဘယ္လုိစိန္ေခၚမွဳေတြ ကယ္ဆယ္ေရးသမားေတြရင္ဆုိင္ေတြမလဲဆုိတာက တန္မ္လမ္ဂူရဲ့ ရွဳပ္ေထြးမွဳကုိ
သိထားရတာက ထုိင္းနုိင္ငံရဲ့ အရွည္ဆုံးဂူျဖစ္ျပီး ၁၀ ကီလုိမီတာရွည္လွ်ာပါတယ္၊ လူငယ္
၁၂ေယာက္နဲ့ နည္းျပဟာ ၂၃ရက္ ဇြန္လ ေခ်ာက္ေသြ့ေနတဲ့ အခ်ိန္ ျဖစ္လုိ့ ေတာ္ေတာ္လြယ္လြယ္ကူကူ
ဝင္သြားနဳိင္ခဲ့ပါတယ္၊ သူတုိ့ဝင္သြားျပီးျပီခ်ိန္ေလာက္မွာဘဲ မုိးသဲထန္စြာ စတင္ ရြာသြန္းခဲ့တယ္၊
ဒီမုိးေၾကာင့္ ဂူထဲ့မွာ မုိးေရေတြနဲ့ ျပည့္လွ်ံသြားျပီး ဝင္ေပါက္ေတြ ပိတ္ဆုိ့သြားျပီး
လူငယ္ေတြအာလုံး ဂူအတြင္းပုိင္းမွာ ပိတ္မိသြားခဲ့တယ္။
ကယ္ဆယ္ေရးလုပ္ငန္းကုိ လူငယ္ေတြအာလုံး ေပ်ာက္ဆုံးေနတယ္ဆုိတဲ့ သတင္းရရခ်င္း စတင္ခဲ့ပါတယ္၊ ကယ္ဆယ္ေရးအဖြဲ့နဲ့ ေရငုတ္ကြ်မ္းက်င္သူေတြဟာ နာရီတုိင္းမွာ ဂူအတြင္းမွ ေရေတြေလွ်ာ့က်ေအာင္ၾကဳိးစားျပီး လူငယ္ေတြ လမ္းေလွ်ာက္ထြက္လာနဳိင္တဲ့အထိ ေရေတြေလွ်ာ့က်ေအာင္ စုတ္ထုတ္ဖုိ့ၾကဳိးစားခဲ့ၾကပါတယ္

ယေန့ ေရလီတာ
သန္းေပါင္း ၁၂၈ ေက်ာ္စုတ္ထုတ္ခဲ့ျပီး ပါျပီး ဒါေပမဲ့လွ်ံေနတဲ့ေရေတြ လုိအပ္တဲ့အေနအထားထိ
ျမန္ျမန္ေလွ်ာ့မသြားပါဘူး၊ ဒီလုိအေနအထားေၾကာင့္ ကယ္ဆယ္ေရးအဖြဲ့မွ လူငယ္ေတြအာလုံး ေရငုတ္ျပီးထြက္လာဖုိ့နည္းလမ္းကုိ
စတင္စဥ္းစားလာခဲ့ပါတယ္၊ ဒါေပမဲ့ ဒီလုိလုပ္ဖုိ့ကလဲ့ အင္မတန္ အႏၱရယ္ၾကီးပါတယ္၊ ပထမအခ်က္က
ဂူအတြင္း ေရစီးမွဳဟာ ဂူအတြင္းတခ်ိဳ့ေနရာေတြမွာ အင္မတန္ျပင္းထန္ေနပါတယ္၊ ျပီးေတာ့ ရြံေရေတြ
အဓိပၸါယ္က လုံးဝမျမင္ရတဲ့ အေျခအေနျဖစ္ေနပါတယ္၊ ေနာက္တခ်က္က ဂူအတြင္း တခ်ိဳ့ေနရာေတြဟာ
အလြန္က်င္းေျမာင္းျပီး က်ပ္က်ပ္တည္းတည္း ဖ်စ္ညွစ္ေက်ာ္ျဖတ္ရမွာပါ၊ ဒီေတာ့ဒီလုိ က်ပ္က်ပ္တည္းတည္း
ဖ်စ္ညွစ္ေက်ာ္ျဖတ္ရမဲ့ အခ်ိန္ေတြကုိလည္ထည့္တြက္ရမွာပါ။
လူငယ္ေတြထဲ့က
ေတာ္ေတာ္မ်ားမ်ားဟာ ေရမကူးတတ္ၾကပါဘူး၊ ဒီေတာ့ဘယ္လုိမွ တေယာက္ထဲ့ ေရငုတ္နဳိင္မွာ မဟုတ္ပါဘူး၊
အခု သတင္းေတြၾကားထားတာက ကယ္ဆယ္ေရးအဖြဲ့က လူငယ္ေတြကုိ ေရငုတ္သင္တန္း အျမန္ပုိ့ခ်ေနပါတယ္၊
လမ္းေၾကာင္းျပၾကဳိးတန္း ကုိလဲ ဂူတြင္းမွ ဂူေပါက္ထိ တပ္ဆင္ထားျပီးပါျပီး၊ လူငယ္ေတြနဲ့
ကယ္ဆယ္ေရးအဖြဲ့ေတြ လမ္းျပၾကဳိးတန္းကုိ ကုိင္ျပီး ဂူျပင္ထြက္နဳိင္ဖုိ့ပါ၊ ေနာက္တခု လုပ္ထားနဳိင္တာက
ေအာက္ဆီဂ်င္ ဗူးေတြကုိလဲ လုံလုံေလာက္ေလာက္ ဂူအတြင္းရွိ အခန္းတုိင္းမွာ ပုိ့ေဆာင္ထားတာပါဘဲ၊
လူငယ္တေယာက္ ကုိ ကယ္ထုတ္ဖုိ့ ၃ နာရီ နဲ့အထက္ ၾကာျမင့္မယ္လုိ ခန့္မွန္း ေမွ်ာ္လင့္ထားၾကပါတယ္၊ ယခင္က ဂူတြင္းကယ္ဆယ္ေရးေတြမွာေတာ့ ဂူအေပၚမွ ေဖါက္ထြမ္းျပီး ကယ္ဆယ္ခဲ့ၾကပါတယ္၊ ဒါေပမဲ့ လက္ရွိအေျခအေနအရ အခ်ိန္ အၾကာၾကီးယူရပါမယ္၊ ဘာလုိလဲဆုိေတာ့ ပိတ္မိေနတဲ့ လူငယ္ေတြဟာ ေတာင္ေအာက္ တစ္ ကီလုိမီတာေလာက္မွာ ရွိေနလုိ့ပါ၊
ကယ္ဆယ္ေရးအဖြဲ့ေတြဟာ တျခားနည္းလမ္းေတြကုိလဲ စဥ္းစားေနပါတယ္၊ ျပသနာက အခ်ိန္နဲ့ အျပဳိင္ ၾကဳိးစားေနရတာပါ၊ မုိးေလဝသ ခန့္မွန္းခ်က္က နက္ျဖန္စျပီး မုိးရြာနဳိင္တဲ့အတြက္ မုိးရြာခဲ့ရင္ေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေတြ ပ်က္ဆီးျပီး ကယ္ဆယ္ေရးအဖြဲ့ေတြဟာ လုပ္ငန္းေတြအားလုံး တစ္ကေန ျပန္စရမလုိ ျဖစ္ေနပါတယ္။

ဘာသာျပန္တင္ျပသူ
နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia
Unicode
ထိုင်းဂူတွင်းပိတ်မိသော
လူငယ်များ၏ ပထမရက်မှစရျ် ယနေ့ထိ အခြေအနေ အစအဆုံး၊
လက်ရှိ အခြေအနေကိုကြည့်ရအောင်
ပိတ်မိသူတွေထုတ်ဖို့လုပ်ငန်းက အဝင်လမ်းကိုကြည့်တဲ့အခါ ဝင်သွားသလို ထွက်လာဖို့ လွယ်ကူမှာမဟုတ်ဘူး၊
ဒီတော့ ဘယ်လိုစိန်ခေါ်မှုတွေ ကယ်ဆယ်ရေးသမားတွေရင်ဆိုင်တွေမလဲဆိုတာက တန်မ်လမ်ဂူရဲ့ ရှုပ်ထွေးမှုကို
သိထားရတာက ထိုင်းနိုင်ငံရဲ့ အရှည်ဆုံးဂူဖြစ်ပြီး ၁၀ ကီလိုမီတာရှည်လျှာပါတယ်၊ လူငယ်
၁၂ယောက်နဲ့ နည်းပြဟာ ၂၃ရက် ဇွန်လ ချောက်သွေ့နေတဲ့ အချိန် ဖြစ်လို့ တော်တော်လွယ်လွယ်ကူကူ
ဝင်သွားနိုင်ခဲ့ပါတယ်၊ သူတို့ဝင်သွားပြီးပြီချိန်လောက်မှာဘဲ မိုးသဲထန်စွာ စတင် ရွာသွန်းခဲ့တယ်၊
ဒီမိုးကြောင့် ဂူထဲ့မှာ မိုးရေတွေနဲ့ ပြည့်လျှံသွားပြီး ဝင်ပေါက်တွေ ပိတ်ဆို့သွားပြီး
လူငယ်တွေအာလုံး ဂူအတွင်းပိုင်းမှာ ပိတ်မိသွားခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို လူငယ်တွေအာလုံး
ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းရရချင်း စတင်ခဲ့ပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရေငုတ်ကျွမ်းကျင်သူတွေဟာ
နာရီတိုင်းမှာ ဂူအတွင်းမှ ရေတွေလျှော့ကျအောင်ကြိုးစားပြီး လူငယ်တွေ လမ်းလျှောက်ထွက်လာနိုင်တဲ့အထိ
ရေတွေလျှော့ကျအောင် စုတ်ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်
ယနေ့ ရေလီတာ
သန်းပေါင်း ၁၂၈ ကျော်စုတ်ထုတ်ခဲ့ပြီး ပါပြီး ဒါပေမဲ့လျှံနေတဲ့ရေတွေ လိုအပ်တဲ့အနေအထားထိ
မြန်မြန်လျှော့မသွားပါဘူး၊ ဒီလိုအနေအထားကြောင့် ကယ်ဆယ်ရေးအဖွဲ့မှ လူငယ်တွေအာလုံး ရေငုတ်ပြီးထွက်လာဖို့နည်းလမ်းကို
စတင်စဉ်းစားလာခဲ့ပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ဖို့ကလဲ့ အင်မတန် အန္တရယ်ကြီးပါတယ်၊ ပထမအချက်က
ဂူအတွင်း ရေစီးမှုဟာ ဂူအတွင်းတချို့နေရာတွေမှာ အင်မတန်ပြင်းထန်နေပါတယ်၊ ပြီးတော့ ရွံရေတွေ
အဓိပ္ပါယ်က လုံးဝမမြင်ရတဲ့ အခြေအနေဖြစ်နေပါတယ်၊ နောက်တချက်က ဂူအတွင်း တချို့နေရာတွေဟာ
အလွန်ကျင်းမြောင်းပြီး ကျပ်ကျပ်တည်းတည်း ဖျစ်ညှစ်ကျော်ဖြတ်ရမှာပါ၊ ဒီတော့ဒီလို ကျပ်ကျပ်တည်းတည်း
ဖျစ်ညှစ်ကျော်ဖြတ်ရမဲ့ အချိန်တွေကိုလည်ထည့်တွက်ရမှာပါ။
လူငယ်တွေထဲ့က
တော်တော်များများဟာ ရေမကူးတတ်ကြပါဘူး၊ ဒီတော့ဘယ်လိုမှ တယောက်ထဲ့ ရေငုတ်နိုင်မှာ မဟုတ်ပါဘူး၊
အခု သတင်းတွေကြားထားတာက ကယ်ဆယ်ရေးအဖွဲ့က လူငယ်တွေကို ရေငုတ်သင်တန်း အမြန်ပို့ချနေပါတယ်၊
လမ်းကြောင်းပြကြိုးတန်း ကိုလဲ ဂူတွင်းမှ ဂူပေါက်ထိ တပ်ဆင်ထားပြီးပါပြီး၊ လူငယ်တွေနဲ့
ကယ်ဆယ်ရေးအဖွဲ့တွေ လမ်းပြကြိုးတန်းကို ကိုင်ပြီး ဂူပြင်ထွက်နိုင်ဖို့ပါ၊ နောက်တခု လုပ်ထားနိုင်တာက
အောက်ဆီဂျင် ဗူးတွေကိုလဲ လုံလုံလောက်လောက် ဂူအတွင်းရှိ အခန်းတိုင်းမှာ ပို့ဆောင်ထားတာပါဘဲ၊
လူငယ်တယောက် ကို ကယ်ထုတ်ဖို့ ၃ နာရီ နဲ့အထက် ကြာမြင့်မယ်လို ခန့်မှန်း မျှော်လင့်ထားကြပါတယ်၊ ယခင်က ဂူတွင်းကယ်ဆယ်ရေးတွေမှာတော့ ဂူအပေါ်မှ ဖေါက်ထွမ်းပြီး ကယ်ဆယ်ခဲ့ကြပါတယ်၊ ဒါပေမဲ့ လက်ရှိအခြေအနေအရ အချိန် အကြာကြီးယူရပါမယ်၊ ဘာလိုလဲဆိုတော့ ပိတ်မိနေတဲ့ လူငယ်တွေဟာ တောင်အောက် တစ် ကီလိုမီတာလောက်မှာ ရှိနေလို့ပါ၊ ကယ်ဆယ်ရေးအဖွဲ့တွေဟာ တခြားနည်းလမ်းတွေကိုလဲ စဉ်းစားနေပါတယ်၊ ပြသနာက အချိန်နဲ့ အပြိုင် ကြိုးစားနေရတာပါ၊ မိုးလေဝသ ခန့်မှန်းချက်က နက်ဖြန်စပြီး မိုးရွာနိုင်တဲ့အတွက် မိုးရွာခဲ့ရင်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပျက်ဆီးပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ လုပ်ငန်းတွေအားလုံး တစ်ကနေ ပြန်စရမလို ဖြစ်နေပါတယ်။

ဘာသာပြန်တင်ပြသူ
နိုင်မြန်မာ၊ သြစတြေးလျှ Naing
Myanmar/Australia
No comments:
Post a Comment