Tuesday, July 31, 2018

ဘီးလင္းၿမိဳ႕နယ္ ေၾကာင္တရာဘုန္းႀကီးေက်ာင္းႏွင့္ ေညာင္သံုးပင္အိမ္ေျခ ၁၅ လံုး ေတာင္ေျမၿပိဳမွဳ အနၱရာယ္ရွိေန




ဘီးလင္းၿမိဳ႕နယ္ ေၾကာင္တရာဘုန္းႀကီးေက်ာင္းႏွင့္ ေတာင္ေအာက္ရွိ ေညာင္သံုးပင္အိမ္ေျခ ၁၅ လံုး ေတာင္ေျမၿပိဳမွဳ အနၱရာယ္ရွိေန

ဘီးလင္းၿမိဳ႕ ဇူလုိင္ ၃၁၊၂၀၁၈

ဘီးလင္းၿမိဳ႕နယ္ ၀င္းက ျမသပိတ္ေစတီႏွင့္ေၾကာင္တရာဘုန္းႀကီးေက်ာင္းအၾကား တြင္ ၂၇ - ၇-၂၀၁၈ ညေန ၅ နာရီမွစ၍ ေတာင္တစိတ္တပိုင္းၿပိဳက်မႈ၊ ေျမၿပိဳမႈေၾကာင့္ ေၾကာင္တရာဘုန္းႀကီးေက်ာင္း ၿပိဳက်မႉႏွင့္ ေတာင္ေျမ ၁၁ ဧကခန္႔ ေအာက္သို႔ ၆ ေပ အထိ ျပတ္ေရြ႕နိမ့္ဆင္းေနမႉကို ယေန႔ နံနက္ တြင္ ေတာင္ေပၚသို႔ တက္ေရာက္ေလ့လာမႉအရ ေတြ႕ရွိခဲ့ရေၾကာင္း မြန္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္ႏိုင္ဦး မွ ၎၏ Facebook ေဖၚျပထားပါတယ္။

ေၾကာင္တရာသို့ တက္သည့္ကားလမ္းတြင္လည္း ေက်ာက္တံုးျပဳတ္က်ထားျခင္းႏွင့္ လမ္းေဘးနံရံၿပိဳက်ျခင္း မ်ား ေတြ႕ရခဲ့ေၾကာင္း၊ ေရနီမ်ား ေနရာစံုမွ စိမ့္ထြက္ေနေၾကာင္း၊ အေျခအေနမွာ ေၾကာင္တရာဘုန္းႀကီးေက်ာင္း ႏွင့္ ေတာင္ေအာက္ ေျမာင္ရွိ ေညာင္သံုးပင္ အိမ္ေျခ ၁၅ လံုးသည္ ေတာင္ေျမၿပိဳပါက က်ေရာက္မႉအနၱရာယ္ရွိ၍ ဆရာေတာ္ႏွင့္ အုပ္ခ်ဳပ္ေရးမႉးတို႔ ကို ေလ်ာက္ထားခဲ့ေၾကာင္း၊ အေျခအေနကို မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ထံတင္ျပထားၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကား ထားေၾကာင္း၊ ေတာင္ေအာက္ က်ေရာက္မႈရွိႏိုင္သည့္ ၀င္းကေက်းရြာ ေညာင္သံုးပင္အုပ္တြင္ ေနထိုင္ေသာ သက္ႀကီးရြယ္အို ကေလးႏွင့္ လူမမာကို ေရြ႕ေျပာင္းရန္ ၀င္းကအုပ္ခ်ဳပ္ေရးမႉးက ယခင္ေန႔ ညေနပိုင္းကတည္းက သတိေပးထားေၾကာင္းတုိ့ကုိ ဆက္လက္ေဖၚျပထားပါတယ္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: ေဒါက္တာခင္ႏိုင္ဦး

Unicode
ဘီးလင်းမြို့နယ် ကြောင်တရာဘုန်းကြီးကျောင်းနှင့် တောင်အောက်ရှိ ညောင်သုံးပင်အိမ်ခြေ ၁၅ လုံး တောင်မြေပြိုမှု အန္တရာယ်ရှိနေ

ဘီးလင်းမြို့ ဇူလိုင် ၃၁၊၂၀၁၈


ဘီးလင်းမြို့နယ် ဝင်းက မြသပိတ်စေတီနှင့်ကြောင်တရာဘုန်းကြီးကျောင်းအကြား တွင် ၂၇ - ၇-၂၀၁၈ ညနေ ၅ နာရီမှစ၍ တောင်တစိတ်တပိုင်းပြိုကျမှု၊ မြေပြိုမှုကြောင့် ကြောင်တရာဘုန်းကြီးကျောင်း ပြိုကျမှူနှင့် တောင်မြေ ၁၁ ဧကခန့် အောက်သို့ ၆ ပေ အထိ ပြတ်ရွေ့နိမ့်ဆင်းနေမှူကို ယနေ့ နံနက် တွင် တောင်ပေါ်သို့ တက်ရောက်လေ့လာမှူအရ တွေ့ရှိခဲ့ရကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး မှ ၎င်း၏ Facebook ဖေါ်ပြထားပါတယ်။

ကြောင်တရာသို့ တက်သည့်ကားလမ်းတွင်လည်း ကျောက်တုံးပြုတ်ကျထားခြင်းနှင့် လမ်းဘေးနံရံပြိုကျခြင်း များ တွေ့ရခဲ့ကြောင်း၊ ရေနီများ နေရာစုံမှ စိမ့်ထွက်နေကြောင်း၊ အခြေအနေမှာ ကြောင်တရာဘုန်းကြီးကျောင်း နှင့် တောင်အောက် မြောင်ရှိ ညောင်သုံးပင် အိမ်ခြေ ၁၅ လုံးသည် တောင်မြေပြိုပါက ကျရောက်မှူအန္တရာယ်ရှိ၍ ဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့ ကို လျောက်ထားခဲ့ကြောင်း၊ အခြေအနေကို မွန်ပြည်နယ်ဝန်ကြီးချုပ် ထံတင်ပြထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ထားကြောင်း၊ တောင်အောက် ကျရောက်မှုရှိနိုင်သည့် ဝင်းကကျေးရွာ ညောင်သုံးပင်အုပ်တွင် နေထိုင်သော သက်ကြီးရွယ်အို ကလေးနှင့် လူမမာကို ရွေ့ပြောင်းရန် ဝင်းကအုပ်ချုပ်ရေးမှူးက ယခင်နေ့ ညနေပိုင်းကတည်းက သတိပေးထားကြောင်းတို့ကို ဆက်လက်ဖေါ်ပြထားပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: ဒေါက်တာခင်နိုင်ဦး

No comments:

Post a Comment