Sunday, July 8, 2018

မယ္ဆိုင္လိွုဏ္ဂူအတြင္းပိတ္မိေနေသာ လူငယ္ ၁၂ ဦးနဲ႔ နည္းျပတဦးတုိ့ရဲ့ ေနာက္ဆုံးရသတင္း



လူငယ္တဦး ကုိ ေဆးရုံသုိ့ ပုိ့ေဆာင္ေနစဥ္

မယ္ဆိုင္လိွုဏ္ဂူအတြင္းပိတ္မိေနေသာ လူငယ္ ၁၂ ဦးနဲ႔ နည္းျပတဦးတုိ့ရဲ့ ေနာက္ဆုံးရသတင္း

ဇူလုိင္ ၈၊၂၀၁၈

သတင္းကြန္ယက္မ်ားမွ လူငယ္ ၆ ဦးကုိ ကယ္ထုတ္နဳိင္ျပီးဟုေျပာဆုိေနၾကေသာ္လည္း ယေန့ အတည္ျပဳခ်က္အရ ၄ ဦး ျဖစ္ေၾကာင္းသိရွိရပါသည္။

လူငယ္ ၄ ဦး ကုိ က်မၼာစြာ ကယ္ထုတ္နဳိင္ခဲ့ေသာလည္း ၎တုိ့ ၄ ဦးကုိ က်မၼာေရး စစ္ေဆးကုသနုိင္ရန္ ခ်င္းလုိင္း ေဆးရုံသုိ့ ပုိ့ေဆာင္လုိက္ျပီးျဖစ္ေၾကာင္း ထုိင္းသတင္းျပန္ၾကားေရး သက္ဆုိင္ရာတာဝန္ခံ ခရုိင္ဝန္နာရြန္ဆက္ က ယေန့ညေန သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါသည္။ ယေန့ ကယ္ဆယ္ေရး တြင္ နဳိင္ငံျခားပညာရွင္ ၁၃ ဦး ပါဝင္ခဲ့ရာ ၃ ဦးမွာ သိပၸံပညာရွင္မ်ားျဖစ္ျပီး ၁၀ ဦးမွာ ေရငုတ္ က်ြမ္းက်င္ပညာရွင္မ်ား ျဖစ္ျပီး ယေန့ ေရငုတ္ကယ္ဆယ္ေရး လုပ္ေဆာင္သူ စုစုေပါင္း ၉၀ ဦးရွိခဲ့ပါသည္။ ၎ တ့ုိအနက္မွ ၅၀ ဦးမွာ နုိင္ငံတကာမွ ျဖစ္ျပီး ၄၀ ဦးမွာ ထုိင္းေရးတပ္မွ ျဖစ္ေၾကာင္းကုိေျပာၾကားသြားပါသည္။
ထုိင္းစံေတာ္ခ်ိန္ ညေန ၅း၄၀ တြင္ ၁၃ ႏွစ္အရြယ္ လူငယ္တဦးကုိ ေရွးဦးစြာ ေခၚထုတ္ခဲ့ျပီး ၇ နာရီ ေက်ာ္ခန့္က အသီးသီး ေခၚထုတ္ခဲ့ရာ ေပါင္း ၄ ဦးျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ လူငယ္မ်ား ေဆးရုံသုိ့ ယေန့ ပုိ့ေဆာင္ရာတြင္ လမ္းခရီးပိတ္ဆုိ့မွဳ အနည္းငယ္ရွိရာ ေနာက္ေန့ ကယ္ဆယ္ေရးအတြက္ သင္ခန္းစာယူသြားမည္ျဖစ္ေၾကာင္းတုိ့ကုိ လည္း ေျပာၾကားသြားပါသည္။

Facebook ေပၚက ေျပာဆုိမွဳတခ်ိဳ့

ပထမဆုံး လူငယ္နွစ္ဦး ဂူအတြင္းမွ ကယ္ထုတ္ လာရာ ၁ ဦးကုိ ရဟတ္ယာဥ္ျဖင့္ ေဆးရုံသုိ့ သယ္ေဆာင္သြားေၾကာင္း Fox News မွာ ေဖၚျပသြားတယ္
The first two boys were rescued from a flooded cave in Thailand on Sunday, hours after divers began their operation to free the 12 boys and their coach who have been trapped for more than two weeks, a local official said.

နန္း ၾကာ ျဖဴ - စိတ္ေလွ်ာ့ အခု ၃ ေယာက္ေျမႇာက္ ဝက္ကေလးထြက္လာပီ ၄ ေယာက္တစ္သုတ္ ခ်င္းလိုင္း ပို႔မွာ အခုက်မၼာေရးစစ္လုပ္ေနၿပီ

Phyu Phyu Thwe - July 15 ရက္ေန႔မွာက်င္းပမယ့္ ကမာၻဖလားေဘာလံုးပိတ္ပြဲကို ဒီလူငယ္၁၃ေယာက္ကို ဖိတ္ထားတယ္ဆိုေတာ့ ဒီအတိုင္းဆိုရင္ ေတာဝက္လူငယ္ေလးေတြ တက္ေရာက္ႏိုင္မယ္ထင္တယ္ေနာ္ အားလံုးအႏၲရာယ္ကင္းၿပီး က်န္းမာေပ်ာ္ရႊင္ၾကပါေစ

နန္း ၾကာ ျဖဴ - ေရ ၅ နာရီငုတ္ရတဲ့အတြက္ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ အနီအဆင့္လား အဝါအဆင့္လား အစိမ္းအဆင့္လား ခုခံအားတစ္ေယာက္နဲ႔တစ္ေယာက္မတူဘူး အနီအဆင့္ဆိုရင္ ေလယာဥ္နဲ႔ပို႔မွာ
Zaw Win - ေဆးရံုကို ရဲဆိုင္ကယ္ ဦးေဆာင္ၿပီး ambulance ၂စီးဝင္သြားတယ္

သတင္းတင္ျပသူ
ေလးစားစြာျဖင့္၊ အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္ သတင္းမ်ား True News

Unicode
မယ်ဆိုင်လှိုဏ်ဂူအတွင်းပိတ်မိနေသော လူငယ် ၁၂ ဦးနဲ့ နည်းပြတဦးတို့ရဲ့ နောက်ဆုံးရသတင်း

သတင်းကွန်ယက်များမှ လူငယ် ၆ ဦးကို ကယ်ထုတ်နိုင်ပြီးဟုပြောဆိုနေကြသော်လည်း ယနေ့ အတည်ပြုချက်အရ ၄ ဦး ဖြစ်ကြောင်းသိရှိရပါသည်။

လူငယ် ၄ ဦး ကို ကျမ္မာစွာ ကယ်ထုတ်နိုင်ခဲ့သောလည်း ၎င်းတို့ ၄ ဦးကို ကျမ္မာရေး စစ်ဆေးကုသနိုင်ရန် ချင်းလိုင်း ဆေးရုံသို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း ထိုင်းသတင်းပြန်ကြားရေး သက်ဆိုင်ရာတာဝန်ခံ ခရိုင်ဝန် နာရွန်ဆက် က ယနေ့ညနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါသည်။ ယနေ့ ကယ်ဆယ်ရေး တွင် နိုင်ငံခြားပညာရှင် ၁၃ ဦး ပါဝင်ခဲ့ရာ ၃ ဦးမှာ သိပ္ပံပညာရှင်များဖြစ်ပြီး ၁၀ ဦးမှာ ရေငုတ် ကျွမ်းကျင်ပညာရှင်များ ဖြစ်ပြီး ယနေ့ ရေငုတ်ကယ်ဆယ်ရေး လုပ်ဆောင်သူ စုစုပေါင်း ၉၀ ဦးရှိခဲ့ပါသည်။ ၎င်း တို့အနက်မှ ၅၀ ဦးမှာ နိုင်ငံတကာမှ ဖြစ်ပြီး ၄၀ ဦးမှာ ထိုင်းရေးတပ်မှ ဖြစ်ကြောင်းကိုပြောကြားသွားပါသည်။
ထိုင်းစံတော်ချိန် ညနေ ၅း၄၀ တွင် ၁၃ နှစ်အရွယ် လူငယ်တဦးကို ရှေးဦးစွာ ခေါ်ထုတ်ခဲ့ပြီး ၇ နာရီ ကျော်ခန့်က အသီးသီး ခေါ်ထုတ်ခဲ့ရာ ပေါင်း ၄ ဦးဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့ပါတယ်။ လူငယ်များ ဆေးရုံသို့ ယနေ့ ပို့ဆောင်ရာတွင် လမ်းခရီးပိတ်ဆို့မှု အနည်းငယ်ရှိရာ နောက်နေ့ ကယ်ဆယ်ရေးအတွက် သင်ခန်းစာယူသွားမည်ဖြစ်ကြောင်းတို့ကို လည်း ပြောကြားသွားပါသည်။

Facebook ပေါ်က ပြောဆိုမှုတချို့

ပထမဆုံး လူငယ်နှစ်ဦး ဂူအတွင်းမှ ကယ်ထုတ် လာရာ ၁ ဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း Fox News မှာ ဖေါ်ပြသွားတယ်
The first two boys were rescued from a flooded cave in Thailand on Sunday, hours after divers began their operation to free the 12 boys and their coach who have been trapped for more than two weeks, a local official said.

နန်း ကြာ ဖြူ - စိတ်လျှော့ အခု ၃ ယောက်မြှောက် ဝက်ကလေးထွက်လာပီ ၄ ယောက်တစ်သုတ် ချင်းလိုင်း ပို့မှာ အခုကျမ္မာရေးစစ်လုပ်နေပြီ

Phyu Phyu Thwe - July 15 ရက်နေ့မှာကျင်းပမယ့် ကမ္ဘာဖလားဘောလုံးပိတ်ပွဲကို ဒီလူငယ်၁၃ယောက်ကို ဖိတ်ထားတယ်ဆိုတော့ ဒီအတိုင်းဆိုရင် တောဝက်လူငယ်လေးတွေ တက်ရောက်နိုင်မယ်ထင်တယ်နော် အားလုံးအန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ

နန်း ကြာ ဖြူ - ရေ ၅ နာရီငုတ်ရတဲ့အတွက် ကလေးတစ်ယောက်နဲ့တစ်ယောက် အနီအဆင့်လား အဝါအဆင့်လား အစိမ်းအဆင့်လား ခုခံအားတစ်ယောက်နဲ့တစ်ယောက်မတူဘူး အနီအဆင့်ဆိုရင် လေယာဉ်နဲ့ပို့မှာ
Zaw Win - ဆေးရုံကို ရဲဆိုင်ကယ် ဦးဆောင်ပြီး ambulance ၂စီးဝင်သွားတယ်

သတင်းတင်ပြသူ
လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia
ဖြစ်ရပ်မှန် သတင်းများ True News

No comments:

Post a Comment