မယ္ဆိုင္လိွုဏ္ဂူအတြင္းပိတ္မိေနေသာ
ေတာဝက္ ေဘာလုံးအသင္းသား၁၂ ဦးနဲ႔ နည္းျပတဦးတုိ့ရဲ့ အေျခအေန ေနာက္ဆုံးရသတင္း
ေတာင္က်ေရေတြေၾကာင့္ ပိတ္မိ လူငယ္ေတြ
တည္ရွိတဲ့ေနရာ ေအာက္ေျခအထိေရ တက္လာတာမ်ိဳးေတြရွိေၾကာင္း၊
ေတာင္က်ေရေတြဟာ ဂူအတြင္းကိုညႇင္ညႇင္သာသာစီးဆင္းလာတာမ်ိဳးမဟုတ္ဘဲ ေရတံခြန္က်ေရလိုမ်ိဳးဒရေဟာစီးဝင္လာတာျဖစ္ေၾကာင္း၊
မယ္ဆိုင္လိွုဏ္ဂူအထက္ ေတာင္ေပၚထိပ္မွဂူေပါက္ ဂယ္ေပါက္ငယ္၁၀၀ နီးပါးရွာ ေတြခဲ့ေၾကာင္း၊ သုိ့ေသာ္ (၁၈) ေပါက္သာအနည္းငယ္ေအာက္ကို သာဆင္းလို႕ရေၾကာင္း၊ လူငယ္ေတြ တည္ရွိတဲ့ေနရာနဲ႕အေပၚကရွာေဖြေတြ႕ရွိတဲ့ ဂူေပါက္ဟာတစ္ထပ္တည္းက်နဳိင္ဖုိ့ ကယ္ဆယ္ေရးအဖြဲ့ အေနျဖင့္ GPS နဲ႕တည္ေနရာရွာရရတာမလြယ္ကူေၾကာင္း၊ ကယ္ဆယ္ေရးအဖြဲ့ အေနျဖင့္ ေခတ္မွီစက္ပစၥည္းေတြရွိေသာလည္း လူငယ္ေတြြဘယ္မွာရွိတယ္ဆိုတာကို တိက်မေဖာ္ၫႊန္းႏိုင္ေသးေၾကာင္း၊ ကယ္ဆယ္ေရးအဖြဲ့ သတင္းစာရွင္းေရး ေျပာခြင့္ရသူက ဥပမာေပးရာ လူငယ္ေတြရွိတဲ့ေနရာကို အတိအက်သိရင္ ေသနတ္ပစ္သလို ပစ္မွတ္ကိုတည့္တည့္ထိမွန္ ေအာင္ပစ္နဳိင္ေသာ္လည္း
ယခုကိစၥမွာ လူငယ္ေတြရွိတဲ့ေနရာ ပစ္မွတ္
(Target) ကုိအတိအက်မသိရလုိ့
အမ်ားႀကီးလြဲေခ်ာ္သြားမွာကုိ စုိးရိမ္ပါေၾကာင္း တုိ့ကုိ
ေျပာခြင့္ရသ
သက္ဆုိင္ရာ ျမဳိ့ေတာ္ဝန္ ရွင္းလင္းတင္ျပသြားပါတယ္။
ယခင္က အလားတူျဖစ္ပ်က္ ခဲ့တဲ့ ခ်ီလီႏိုင္ငံကုိ
ဥပမာေပးေျပာဆုိရာတြင္ သူတုိ့လုပ္တဲ့နည္းက တည္ေနရာကိုတိတိက်က်သိရတယ္ ေျမျပန္႔တယ္ ေျမေအာက္
အနက္ (၁)ကီလို (၂) ခန္႕ဘဲ့ေဖာက္ခဲ့ရေၾကာင္း၊
ယခုကိစၥက ခက္ခဲေၾကာင္း ဘာေၾကာင့္လဲ ဆုိေတာ့ ကၽြန္ေတာ္တို႕က
ပစ္မွတ္ (Target)
ဘယ္မွာရွိမွန္းမသိရသလို ဘာကိုပစ္ရမယ္ဆိုတာလဲမသိေၾကာင္း၊ လိွုဏ္ဂူအတြင္း ကာဘြန္ဒိုင္ေအာက္ဆိုဒ္ေတြမ်ားလာျပီး
ေအာက္ဆီဂ်င္ ၂၀% သာရမယ္ဆိုလွ်င္ ကေလးေတြအသက္ရွဴရတာခက္ခဲလာၿပီး
ဦးေဏွာက္၊ ႏွလံုးေတြကိုထိခိုက္လာႏိုင္ေၾကာင္း၊
ဂူအတြင္းမွာေအာက္စီဂ်င္အသံုးျပဳရတဲ့ပဏာမကမ်ားျပားေၾကာင္း၊
ဒီအတြက္ေၾကာင့္ ယခု ဂူအတြင္လူအဝင္အထြက္ေတြကိုေလွ်ာ့ခ်ၿပီး
ေအာက္စီဂ်င္ဗူးေတြမ်ားသထက္မ်ားေအာင္ ဂူအတြင္းသုိ့ သြင္းေနပါေၾကာင္း၊
လူငယ္ေတြ ကံဆိုးရတဲ့အေၾကာင္းရင္းက သူတို႕ဂူအတြင္းကုိ
ဝင္ခ်ိန္က မိုးရာသီကာလမတိုင္ခင္ မိုးနဲျပီး
ေတာေတာင္သစ္ေတာမ်ားမွေရစုပ္ယူထားပဏာမမွာ နည္းပါေနလုိ့ ဂူလမ္းေၾကာင္းအတြင္းေရေတြမရွိေသေပမယ့္
ဝင္သြားသည့္ေနမွစျပီး စဥ္ဆက္မျပတ္ရြာခ်လိုက္တဲ့
မုိးေရေတြေၾကာင့္ ဒီမုိးေရေတြကုိ တစ္ေတာင္တစ္ေတာလံုးမွ
စုပ္ယူသြားျပီး ဂူအတြင္သို႕ေနရာေပါင္းစံုမွ ျပန္လည္ဝင္ေရာက္
စီးဝင္လာေနျခင္းျဖစ္ေၾကာင္း၊ လူငယ္ေတြကိုေတြ႕ရွိၿပီးနာက္ပိုင္းမွစျပီး
ဒီေန႕အထိ အေကာင္းဆံုးေတြကုိသာ လုပ္ေဆာင္ခဲ့ေၾကာင္း၊၊
ဂူအတြင္းရွိ ဂူအမွတ္(၃) ကေနေရွ႕ကိုဆက္တိုးဘို႕ဆိုတာအင္မတန္ မလြယ္ကူတဲ့အလုပ္ျဖစ္ေၾကာင္း၊
ကမ႓ာမွာဒီလိုျဖစ္စဥ္မ်ိဳး တစ္ႀကိမ္တစ္ခါမွမၾကံဳဘူးသလို ဒီလုိ
ခက္ခဲတဲ့ကယ္ဆယ္ေရးမ်ိဳးကို ပညာရွင္ေတြေတာင္မၾကံဳဖူးေသးဘူးေသးေၾကာင္းတုိကုိလည္းတင္ျပသြားပါတယ္၊
လူငယ္ေတြရဲ႕က်မၼာေရးအေၾကာင္း ေျပာဆုိရာမွာေတာ့ လူငယ္ေတြ
ရယ္ရယ္ေမာေမာ ျပံဳးရႊင္ေနထုိင္ေနၾကၿပီး စိတ္ဓါတ္ခြန္အားမ်ားႏွင့္က်မၼာေရးေစာင့္ေရွာက္မွဳ
မ်ားကုိ ရာခုိင္နွဳန္းျပည့္စိတ္ခ်ျပီး မစိုးရိမ္ၾကေစလုိေၾကာင္း တုိ့ကုိ ဇူလုိင္
၇ ရက္ သတင္းစာရွင္းလင္းပြဲ ေျပာခြင့္ရသူမွ ေျပာၾကားသြားေၾကာင္း မ်က္ျမင္သက္ေသမ်ား အဆုိအရ
သိရွိရပါတယ္။
ေလးစားစြာျဖင့္
နဳိင္ျမန္မာ၊ ၾသစေၾတးလွ်
Naing Myanmar/Australia
Unicode
မယ်ဆိုင်လှိုဏ်ဂူအတွင်းပိတ်မိနေသော
တောဝက် ဘောလုံးအသင်းသား၁၂ ဦးနဲ့ နည်းပြတဦးတို့ရဲ့ အခြေအနေ နောက်ဆုံးရသတင်း
တောင်ကျရေတွေကြောင့် ပိတ်မိ လူငယ်တွေ
တည်ရှိတဲ့နေရာ အောက်ခြေအထိရေ တက်လာတာမျိုးတွေရှိကြောင်း၊ တောင်ကျရေတွေဟာ ဂူအတွင်းကိုညှင်ညှင်သာသာစီးဆင်းလာတာမျိုးမဟုတ်ဘဲ
ရေတံခွန်ကျရေလိုမျိုးဒရဟောစီးဝင်လာတာဖြစ်ကြောင်း၊ မယ်ဆိုင်လှိုဏ်ဂူအထက် တောင်ပေါ်ထိပ်မှဂူပေါက်
ဂယ်ပေါက်ငယ်၁၀ဝ နီးပါးရှာ တွေခဲ့ကြောင်း၊ သို့သော် (၁၈) ပေါက်သာအနည်းငယ်အောက်ကို သာဆင်းလို့ရကြောင်း၊
လူငယ်တွေ တည်ရှိတဲ့နေရာနဲ့အပေါ်ကရှာဖွေတွေ့ရှိတဲ့ ဂူပေါက်ဟာတစ်ထပ်တည်းကျနိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့
အနေဖြင့် GPS နဲ့တည်နေရာရှာရရတာမလွယ်ကူကြောင်း၊
ကယ်ဆယ်ရေးအဖွဲ့ အနေဖြင့် ခေတ်မှီစက်ပစ္စည်းတွေရှိသောလည်း လူငယ်တွေဘယ်မှာရှိတယ်ဆိုတာကို
တိကျမဖော်ညွှန်းနိုင်သေးကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ သတင်းစာရှင်းရေး ပြောခွင့်ရသူက ဥပမာပေးရာ
လူငယ်တွေရှိတဲ့နေရာကို အတိအကျသိရင် သေနတ်ပစ်သလို ပစ်မှတ်ကိုတည့်တည့်ထိမှန် အောင်ပစ်နိုင်သော်လည်း
ယခုကိစ္စမှာ လူငယ်တွေရှိတဲ့နေရာ ပစ်မှတ် (Target) ကိုအတိအကျမသိရလို့
အများကြီးလွဲချော်သွားမှာကို စိုးရိမ်ပါကြောင်း တို့ကို ပြောခွင့်ရသူ သက်ဆိုင်ရာ မြို့တော်ဝန်
က ရှင်းလင်းတင်ပြသွားပါတယ်။
ယခင်က အလားတူဖြစ်ပျက် ခဲ့တဲ့ ချီလီနိုင်ငံကို
ဥပမာပေးပြောဆိုရာတွင် သူတို့လုပ်တဲ့နည်းက တည်နေရာကိုတိတိကျကျသိရတယ် မြေပြန့်တယ် မြေအောက်
အနက် (၁)ကီလို (၂) ခန့်ဘဲ့ဖောက်ခဲ့ရကြောင်း၊ ယခုကိစ္စက ခက်ခဲကြောင်း ဘာကြောင့်လဲ ဆိုတော့
ကျွန်တော်တို့က ပစ်မှတ် (Target)
ဘယ်မှာရှိမှန်းမသိရသလို ဘာကိုပစ်ရမယ်ဆိုတာလဲမသိကြောင်း၊ လှိုဏ်ဂူအတွင်း
ကာဘွန်ဒိုင်အောက်ဆိုဒ်တွေများလာပြီး အောက်ဆီဂျင် ၂၀% သာရမယ်ဆိုလျှင် ကလေးတွေအသက်ရှူရတာခက်ခဲလာပြီး
ဦးဏှောက်၊ နှလုံးတွေကိုထိခိုက်လာနိုင်ကြောင်း၊ ဂူအတွင်းမှာအောက်စီဂျင်အသုံးပြုရတဲ့ပဏာမကများပြားကြောင်း၊
ဒီအတွက်ကြောင့် ယခု ဂူအတွင်လူအဝင်အထွက်တွေကိုလျှော့ချပြီး
အောက်စီဂျင်ဗူးတွေများသထက်များအောင် ဂူအတွင်းသို့ သွင်းနေပါကြောင်း၊ လူငယ်တွေ ကံဆိုးရတဲ့အကြောင်းရင်းက
သူတို့ဂူအတွင်းကို ဝင်ချိန်က မိုးရာသီကာလမတိုင်ခင် မိုးနဲပြီး တောတောင်သစ်တောများမှရေစုပ်ယူထားပဏာမမှာ
နည်းပါနေလို့ ဂူလမ်းကြောင်းအတွင်းရေတွေမရှိသေပေမယ့် ဝင်သွားသည့်နေမှစပြီး စဉ်ဆက်မပြတ်ရွာချလိုက်တဲ့
မိုးရေတွေကြောင့် ဒီမိုးရေတွေကို တစ်တောင်တစ်တောလုံးမှ စုပ်ယူသွားပြီး ဂူအတွင်သို့နေရာပေါင်းစုံမှ
ပြန်လည်ဝင်ရောက် စီးဝင်လာနေခြင်းဖြစ်ကြောင်း၊ လူငယ်တွေကိုတွေ့ရှိပြီးနာက်ပိုင်းမှစပြီး
ဒီနေ့အထိ အကောင်းဆုံးတွေကိုသာ လုပ်ဆောင်ခဲ့ကြောင်း၊ ဂူအတွင်းရှိ ဂူအမှတ်(၃) ကနေရှေ့ကိုဆက်တိုးဘို့ဆိုတာအင်မတန်
မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်း၊ ကမ္ဘာမှာဒီလိုဖြစ်စဉ်မျိုး တစ်ကြိမ်တစ်ခါမှမကြုံဘူးသလို
ဒီလို ခက်ခဲတဲ့ကယ်ဆယ်ရေးမျိုးကို ပညာရှင်တွေတောင်မကြုံဖူးသေးဘူးသေးကြောင်းတိုကိုလည်းတင်ပြသွားပါတယ်၊
လူငယ်တွေရဲ့ကျမ္မာရေးအကြောင်း ပြောဆိုရာမှာတော့
လူငယ်တွေ ရယ်ရယ်မောမော ပြုံးရွှင်နေထိုင်နေကြပြီး စိတ်ဓါတ်ခွန်အားများနှင့်ကျမ္မာရေးစောင့်ရှောက်မှု
များကို ရာခိုင်နှုန်းပြည့်စိတ်ချပြီး မစိုးရိမ်ကြစေလိုကြောင်း
တို့ကို ဇူလိုင် ၇ ရက် သတင်းစာရှင်းလင်းပွဲ ပြောခွင့်ရသူမှ ပြောကြားသွားကြောင်း မျက်မြင်သက်သေများ
အဆိုအရ သိရှိရပါတယ်။
လေးစားစွာဖြင့်
နိုင်မြန်မာ၊ သြစတြေးလျှ
Naing Myanmar/Australia
No comments:
Post a Comment