ဇူလုိင္ ၁၀၊ ၂၀၁၈ ဂူအျပင္ေရာက္ လူငယ္
၁၃ ဦးအတြက္ ယေန့ညသတင္းစာရွင္းလင္းထုတ္ျပန္ခ်က္
ထုိင္းတာဝန္ရွိသူမွ သတင္းေကာင္းေတြ
ေပးပါေတာ့မယ္ဆုိျပီး အစျပဳခဲ့တယ္။
ယေန့ ကယ္ဆယ္မွဳမွာ ပုိမုိျမန္ဆန္ခဲ့ျပီး
ထုိင္းစံေတာ္ခ်ိန္ ၃ နာရီ၊ ၄ နာရီ ခန့္က စတင္ျပီး လက္က်န္လူငယ္ေတြကုိ တဦးခ်င္းဆီ အသီးသီးကယ္ထုတ္နုိင္ခဲ့ေၾကာင္း၊
ေက်းဇူးတင္ထုိက္သူ အားလုံးကုိ ေက်းဇူးတင္ေၾကာင္း၊ ကယ္ဆယ္ေရး ေအာင္ျမင္မွဳအတြက္ ဝမ္းသားေၾကာင္း၊
မနက္ျဖန္မွာ အေသးစိတ္ ထပ္ျပီး သတင္းစာရွင္းလင္းမည္ျဖစ္ေၾကာင္း တုိ့ကုိေျပာဆုိသြားပါတယ္။
ယမန္ေနက တရားမဝင္ ဒရုန္းယာဥ္ အသုံးျပဳသူကုိ
တရားရုံးတင္ ဘတ္တေသာင္း ဒဏ္ရုိက္လုိက္ေၾကာင္း၊ ယေန့ ကယ္ဆယ္ေရးအတြက္ ကူညီခဲ့ၾကေသာ ယာဥ္ထိန္းရဲမ်ား၊
ေလယာဥ္မွဳးမ်ား၊ ထုိင္းဘုရင့္ရဲတပ္ဖြဲ့ဝင္မ်ား (Thai Royal Polices)၊
သစ္ေတာ၊ ဆည္ေျမာင္းဌာနမွ တာဝန္ရွိသူမ်ား၊ သဘာဝပတ္ဝန္းက်င္ ထိမ္းသိန္းေရးမွ တာဝန္ရွိသူမ်ားအစ
တကမၻာလုံးကုိ ေက်းဇူးတင္ေၾကာင္း တုိ့ကုိလည္းေျပာၾကားသြားပါတယ္။
က်န္ရွိ လူငယ္ ၅ ဦးနွင္ ဂူအတြင္း အတူေနထုိင္ေပးခဲ့ေသာ
ကယ္ဆယ္ေရးအဖြဲ့ဝင္ ၄ ဦးျဖစ္ေသာေၾကာင့္ ယေန့ ကယ္ဆယ္ေရးမွာ လူ ၉ ဦးကုိ ကယ္ထုတ္ရသလုိျဖစ္ခဲ့ေၾကာင္း၊
ေတာင္ေပၚတက္ ကယ္ဆယ္ေရးအဖြဲ့ တပ္ရင္း ၁၂၁ မွ တပ္သားမ်ားအားလုံး ဟာ သင္ခန္းစာအမ်ားအျပား
ရရွိခဲ့ရာ နယ္ေျမက်ြမ္းက်င္မွဳကုိ ေဒသခံလူမ်ားထက္ပင္ ပုိမုိက်ြမ္းက်င္ခဲ့ေၾကာင္း၊ ကန့္သတ္ခ်က္မ်ားရွိသျဖင့္
ယေန့ေတာ့ ပြင့္ပြင့္လင္းလင္း အေသးစိတ္ မတင္ျပနဳိင္ေသးေၾကာင္း၊ ဒီအတြက္ေတာင္းပန္ပါေၾကာင္း၊
ဒီလုိအေျခအေနမ်ိဳး ေနာက္တဖန္ ထပ္မံမျဖစ္ရန္ ေဆာင္ရြတ္မည္ျဖစ္ေၾကာင္း၊ ယခုကယ္ဆယ္ေရးတြင္
အလြန္ အေတြ့အၾကဳံ ရွိသူမ်ားနဲ့ အတူ ပူးေပါင္းေဆာင္ရြတ္ခဲ့ရသည့္အတြက္ အေတြ့အၾကဳံမ်ားစြာ
ရရွိခဲ့လုိ့ ေက်းဇူး အထူးတင္ရွိေၾကာင္းတုိ့ကုိလည္း ေျပာၾကားသြားပါတယ္၊
ဒီကိစၥမွာ ထုိင္းလူမ်ိဳးတုိ့အေနျဖင့္
အလြန္ကံေကာင္းသည္မွာ ကမၻာလွည့္ ခရီးသြားမ်ားအတြက္ လာေရာက္ရန္ ဒီဂူကုိ ေၾကာ္ညာခဲ့သလုိ့
ျဖစ္ခဲ့ေၾကာင္း၊ ဒီေဒသကုိလည္း အရင္ထက္ သာလြန္ေကာင္းမြန္ရန္ သူမွာ လုပ္ေဆာင္ဖုိ့ တာဝန္ေတြရွိေၾကာင္း၊
ျပဳျပင္သင့္သည့္ေနရာမ်ားကုိ ျပဳျပင္သြားမည္ျဖစ္ေၾကာင္း၊ ယခုအျဖစ္အပ်က္မွ အေကာင္းဆုံး
သင္ခန္းစာမွာ ထုိင္းလူမ်ိဳးေတြ တဦးနဲ့ တဦး ဘယ္ေလာက္ခ်စ္တယ္ဆုိတာကုိ ျပသနဳိင္ခဲ့ေၾကာင္း၊
ဘယ္လုိ ပူးေပါင္းေဆာင္ရြတ္ရင္ ေအာင္ျမင္ဆုိတာကုိ သိခဲ့ရေၾကာင္း၊ ကမၻာတဝန္းမွ စုိးရိမ္းမွဳေတြကုိလည္း
ျမင္ေတြ့ခဲ့ရေၾကာင္း၊ ကမၻာကုိ ေအာင္ျမင္ေအာင္ လုပ္ျပနဳိင္ခဲ့ေၾကာင္း တုိ့ကုိလည္းထပ္မံေျပာၾကားခဲ့ပါတယ္။
သတင္းျပန္ၾကားသူက သတင္းသမားမ်ားကုိ
ဒီ ၁၇ ရက္အတြင္း ရုိက္ယူခဲ့ေသာ ဓါတ္ပုံ သန္းေပါင္းမ်ားစြာကုိ မေပ်ာက္ပ်က္ေစလုိေၾကာင္၊
ဓါတ္ပုံေတြကုိ ၾကည့္ျပီး သင္ခန္းစာ ယူေစလုိေၾကာင္း၊ မနက္ျဖန္မွာေတာ့ ကယ္ဆယ္ေရးကုိ ပိတ္သိမ္းျပီး
အသုံးျပဳထားေသာ ပစၥည္းမ်ားကုိ ျပန္လည္ပုိ့ေဆာင္ျပီး ကယ္ဆယ္ေရးနွင့္ ပတ္သက္ျပီး အေသးစိတ္
အခ်က္အလက္မ်ား သတင္းစာရွင္းလင္းမည္ျဖစ္ေၾကာင္းတုိ့ကုိ ေနာက္ဆုံးပုိင္းမွာ ေျပာဆုိသြားခဲ့ပါတယ္။
ေလးစားစြာျဖင့္၊ အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္ သတင္းမ်ား True News
Unicode
ဇူလိုင် ၁၀၊ ၂၀၁၈ ဂူအပြင်ရောက် လူငယ်
၁၃ ဦးအတွက် ယနေ့သတင်းစာရှင်းလင်းချက်
ထိုင်းတာဝန်ရှိသူမှ သတင်းကောင်းတွေ
ပေးပါတော့မယ်ဆိုပြီး အစပြုခဲ့တယ်။
ယနေ့ ကယ်ဆယ်မှုမှာ ပိုမိုမြန်ဆန်ခဲ့ပြီး
ထိုင်းစံတော်ချိန် ၃ နာရီ၊ ၄ နာရီ ခန့်က စတင်ပြီး လက်ကျန်လူငယ်တွေကို တဦးချင်းဆီ အသီးသီးကယ်ထုတ်နိုင်ခဲ့ကြောင်း၊
ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ ကယ်ဆယ်ရေး အောင်မြင်မှုအတွက် ဝမ်းသားကြောင်း၊
မနက်ဖြန်မှာ အသေးစိတ် ထပ်ပြီး သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း တို့ကိုပြောဆိုသွားပါတယ်။
ယမန်နေက တရားမဝင် ဒရုန်းယာဉ် အသုံးပြုသူကို
တရားရုံးတင် ဘတ်တသောင်း ဒဏ်ရိုက်လိုက်ကြောင်း၊ ယနေ့ ကယ်ဆယ်ရေးအတွက် ကူညီခဲ့ကြသော ယာဉ်ထိန်းရဲများ၊
လေယာဉ်မှုးများ၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ဝင်များ (Thai Royal Polices)၊ သစ်တော၊ ဆည်မြောင်းဌာနမှ တာဝန်ရှိသူများ၊
သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးမှ တာဝန်ရှိသူများအစ တကမ္ဘာလုံးကို ကျေးဇူးတင်ကြောင်း
တို့ကိုလည်းပြောကြားသွားပါတယ်။
ကျန်ရှိ လူငယ် ၅ ဦးနှင် ဂူအတွင်း အတူနေထိုင်ပေးခဲ့သော
ကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးဖြစ်သောကြောင့် ယနေ့ ကယ်ဆယ်ရေးမှာ လူ ၉ ဦးကို ကယ်ထုတ်ရသလိုဖြစ်ခဲ့ကြောင်း၊
တောင်ပေါ်တက် ကယ်ဆယ်ရေးအဖွဲ့ တပ်ရင်း ၁၂၁ မှ တပ်သားများအားလုံး ဟာ သင်ခန်းစာအများအပြား
ရရှိခဲ့ရာ နယ်မြေကျွမ်းကျင်မှုကို ဒေသခံလူများထက်ပင် ပိုမိုကျွမ်းကျင်ခဲ့ကြောင်း၊ ကန့်သတ်ချက်များရှိသဖြင့်
ယနေ့တော့ ပွင့်ပွင့်လင်းလင်း အသေးစိတ် မတင်ပြနိုင်သေးကြောင်း၊ ဒီအတွက်တောင်းပန်ပါကြောင်း၊
ဒီလိုအခြေအနေမျိုး နောက်တဖန် ထပ်မံမဖြစ်ရန် ဆောင်ရွတ်မည်ဖြစ်ကြောင်း၊ ယခုကယ်ဆယ်ရေးတွင်
အလွန် အတွေ့အကြုံ ရှိသူများနဲ့ အတူ ပူးပေါင်းဆောင်ရွတ်ခဲ့ရသည့်အတွက် အတွေ့အကြုံများစွာ
ရရှိခဲ့လို့ ကျေးဇူး အထူးတင်ရှိကြောင်းတို့ကိုလည်း ပြောကြားသွားပါတယ်၊
ဒီကိစ္စမှာ ထိုင်းလူမျိုးတို့အနေဖြင့်
အလွန်ကံကောင်းသည်မှာ ကမ္ဘာလှည့် ခရီးသွားများအတွက် လာရောက်ရန် ဒီဂူကို ကြော်ညာခဲ့သလို့
ဖြစ်ခဲ့ကြောင်း၊ ဒီဒေသကိုလည်း အရင်ထက် သာလွန်ကောင်းမွန်ရန် သူမှာ လုပ်ဆောင်ဖို့ တာဝန်တွေရှိကြောင်း၊
ပြုပြင်သင့်သည့်နေရာများကို ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ယခုအဖြစ်အပျက်မှ အကောင်းဆုံး
သင်ခန်းစာမှာ ထိုင်းလူမျိုးတွေ တဦးနဲ့ တဦး ဘယ်လောက်ချစ်တယ်ဆိုတာကို ပြသနိုင်ခဲ့ကြောင်း၊
ဘယ်လို ပူးပေါင်းဆောင်ရွတ်ရင် အောင်မြင်ဆိုတာကို သိခဲ့ရကြောင်း၊ ကမ္ဘာတဝန်းမှ စိုးရိမ်းမှုတွေကိုလည်း
မြင်တွေ့ခဲ့ရကြောင်း၊ ကမ္ဘာကို အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ကြောင်း တို့ကိုလည်းထပ်မံပြောကြားခဲ့ပါတယ်။
သတင်းပြန်ကြားသူက သတင်းသမားများကို
ဒီ ၁၇ ရက်အတွင်း ရိုက်ယူခဲ့သော ဓါတ်ပုံ သန်းပေါင်းများစွာကို မပျောက်ပျက်စေလိုကြောင်၊
ဓါတ်ပုံတွေကို ကြည့်ပြီး သင်ခန်းစာ ယူစေလိုကြောင်း၊ မနက်ဖြန်မှာတော့ ကယ်ဆယ်ရေးကို ပိတ်သိမ်းပြီး
အသုံးပြုထားသော ပစ္စည်းများကို ပြန်လည်ပို့ဆောင်ပြီး ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အသေးစိတ်
အချက်အလက်များ သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်းတို့ကို နောက်ဆုံးပိုင်းမှာ ပြောဆိုသွားခဲ့ပါတယ်။
လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia
ဖြစ်ရပ်မှန် သတင်းများ True News
No comments:
Post a Comment