Monday, August 6, 2018

သနပ္ခါးပါးကြက္က်ားျဖင့္ ေတ့ြရတဲ့ ေအာင္လအန္ဆန္




သနပ္ခါးပါးကြက္က်ားျဖင့္ ေတ့ြရတဲ့ ေအာင္လအန္ဆန္

ၾသဂုတ္လ ၊ ၂၀၁၈

ONE Championship MMA ဘက္စံုတိုက္ခိုက္ေရး ခ်န္ပီယံ ေအာင္လအန္ဆန္၊ ရစ္ဖရန္ကလင္နဲ႔ ျမန္မာ့လက္ေဝွ႔ေက်ာ္ စိုးလင္းဦးတို႔ကို One Warrior Series ႐ိုက္ကြင္းမွာ အတူေတြ႔စဥ္ ရုိက္ကူးထားသည္ဟု ယူဆရပါတယ္။

ေလးစားစြာျဖင့္
နဳိင္ျမန္မာ (ၾသစေၾတလွ်)
ကုိးကား Reference: AungLaNsang

Unicode
သနပ်ခါးပါးကွက်ကျားဖြင့် တွေ့ရတဲ့ အောင်လအန်ဆန်

သြဂုတ်လ ၆၊ ၂၀၁၈

ONE Championship MMA ဘက်စုံတိုက်ခိုက်ရေး ချန်ပီယံ အောင်လအန်ဆန်၊ ရစ်ဖရန်ကလင်နဲ့ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးတို့ကို One Warrior Series ရိုက်ကွင်းမှာ အတူတွေ့စဉ် ရိုက်ကူးထားသည်ဟု ယူဆရပါတယ်။

လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)

ဘီလင္း ေရေဘးတြင္ အသက္စြန္႔လိုက္ရတဲ့ တပ္မေတာ္သား ၃ ဦးရဲ႕ အျဖစ္အပ်က္မွန္





ဘီလင္း ေရေဘးတြင္ အသက္စြန္႔လိုက္ရတဲ့ တပ္မေတာ္သား ၃ ဦးရဲ႕ အျဖစ္အပ်က္မွန္

ဘီလင္းၾသဂုတ္လ ၊ ၂၀၁၈

ခမရ ၂ အေနနဲ႔ ေရွ႕တန္းမွ ျပန္ေရာက္ခ်င္းပဲ တိုင္းမႉးရဲ႕ ညြန္ၾကားမႉနဲ႔ အတူ ေရေဘးစျဖစ္သည္ႏွင့္ ခ်က္ခ်င္းကူညီႏိုင္ရန္ ၂၆.၇.၂၀၁၈ ရက္ေန႔တြင္ အသင့္အေနအထား အျဖစ္ ႀကိဳတင္ျပင္ဆင္ထားရွိၿပီး ၂၇.၇.၂၀၁၈ ရက္ေန႔တြင္ ျပည္သူမ်ားအား ကူညီရန္အတြက္စတင္ခဲ့ၾကပါတယ္

စစ္သည္မ်ား ေရႏွင့္ပါသြားခဲ့သည့္ေနရာတြင္ အရာရွိတစ္ဦး ဦးေဆာင္ၿပီး စစ္သည္မ်ားျဖင့္ ကူညီကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ေနခဲ့ၾကပါတယ္ထိုသို႔ လုပ္ေဆာင္ေနဆဲအခ်ိန္မွာပဲ ေရစီးသန္လြန္းေနသည့္ေနရာမွ ခရီးသည္ ၄ ဦး ေအာ္ဟစ္၍ အကူညီေတာင္းခံေနတာကို ေတြ႕လို္က္ရပါတယ္၃ ဦးက ျခံဳေပၚတြင္တင္ေနၿပီး ၁ ဦးက အနီးနား သစ္ပင္ေပၚမွာ ေရာက္ရွိေနပါတယ္

ေတြ႕သည္ႏွင့္ တၿပိဳင္နက္ အရာရွိ ၁ ၊အျခားအဆင့္ ၅ တို႔ဟာ တစ္ေယာက္လက္ကို တစ္ေယာက္ခ်ိတ္ၿပီး အဆိုပါ ခရီးသည္ (၄) ဦးကို ကယ္တင္ႏိုင္ဖို႔ တေျဖးေျဖးခ်င္း အနီးနား ကပ္သြားခဲ့ပါတယ္

ျခံဳေပၚတြင္ တင္ေနတဲ့ ခရီးသည္ ၃ ဦး အနားေရာက္လုဆဲအခ်ိန္မွာပဲ ေရတိုက္စားမႉေၾကာင့္ ခ်ိဳင့္ခြက္မ်ား ျဖစ္ေပၚေနတဲ့ လမ္းခ်ိဳင့္ႀကီးတစ္ခုထဲကို လက္ခ်င္းခ်ိတ္၍ ေလၽွာက္လာၾကတဲ့ တပ္မေတာ္သား ၆ ဦးထဲမွ ၁ ဦးဟာ ေျခကၽြံ႕ၿပီး လဲက်သြားခဲ့ပါတယ္

ေရစီးအား သန္လြန္းတာေၾကာင့္ လက္ခ်င္းခ်ိတ္ထားတဲ့ တပ္မေတာ္သား ၆ ဦးစလံုးဟာ
ဟန္ခ်က္ပ်က္ကာ အားလံုးလဲက်ၿပီး ေရစီးနဲ႔ ေမ်ာပါသြားခဲ့ပါတယ္ေရစီးနဲ႔ ေမ်ာပါသြားခဲ့တဲ့ တပ္မေတာ္သား ၆ ဦးထဲမွအေရွ႕ဆံုး တစ္ဦးဟာ ေရစီးနဲ႔ ေမ်ာပါရင္း ဓာတ္တိုင္တစ္ခုအနား ေရာက္ရွိသြားရာကေန ဓာတ္တိုင္အေျခမွ သံတိုင္မ်ားကို ဖက္တြဲထားႏိုင္ခဲ့ပါတယ္ဖက္တြဲထားႏိုင္ခ်င္းခ်င္းပဲ ေရစီးအားနဲ႔ ပါလာတဲ့ အရာရွိကိုေတြ႕ရွိၿပီ ခ်က္ခ်င္း လက္ခ်င္းျပန္ခ်ိတ္ႏိုင္ခဲ့ပါတယ္အရာရွိမွလဲ မိမိေနာက္မွ ကပ္လ်က္ပါရွိလာေသာ စစ္သည္ တစ္ဦးအား လက္ျဖင့္ ျပန္လည္ ခ်ိတ္ဆက္ ဆြဲယူႏိုင္ခဲ့ပါတယ္

က်န္စစ္သည္ ၃ ဦးမွာ တစ္ကြဲစီျဖစ္သြားတာေၾကာင့္ ၾကမ္းတမ္းလွတဲ့ ေရစီးထဲ ႀကိဳးစားကူခပ္ရင္း ေမ်ာပါသြားခဲ့ရၿပီး အသက္ေပးလႉခဲ့ရျခင္းျဖစ္ပါတယ္

က်ဆံုးစစ္သည္ ၃ ဦးမွာ
၁။ အမွတ္ တ/၄၀၆၆၄၆ တပ္သားေက်ာ္ေက်ာ္ (အိမ္ေထာင္ရွိ ၊ က်န္ရစ္ ဇနီး ကိုယ္ဝန္(၅)လ ျဖင့္က်န္ခဲ့)
အမွတ္ တ/၅၁၄၈၂၄ တပ္သား ၿဖိဳးရန္ႏိုင္ခန္႔ (အိမ္ေထာင္ရွိ)
အမွတ္ တ/၅၁၇၁၃၃ တပ္သား ေစာတင္ေမာင္ဝင္း (လူပ်ိဳ)

ေရႊျပည္ေတာ္သို႔ ဆံုမွတ္အသင္းက ယေန႔ (ၾသဂုတ္လ ၄ ရက္ေန့ဟုယူဆရ) တြင္ က်ဆံုးစစ္သည္မ်ား၏ မိသားစုဝင္မ်ားအား ညီေထာက္ပံ့မႉမ်ားအားေပးႏွစ္သိမ့္မႉမ်ား ျပဳလုပ္ခဲ့ၿပီး တပ္သားေက်ာ္ေက်ာ္၏ ေမြးဖြားလာမည့္ ရင္ေသြးငယ္ေလးအား ေမြးဖြားမည့္အခ်ိန္အထိႏွင့္ ေမြးဖြားၿပီး ေနာက္ပိုင္းအထိပါ မိမိတို႔အသင္းမွ ဆက္လက္ကူညီေထာက္ပံ့ေပးႏိုင္ရန္ တာဝန္ရွိသူမ်ား၊ မိသားစုဝင္မ်ားႏွင့္ပါ ခ်ိတ္ဆက္ ေဆာင္ရြက္ခဲ့ၾကတယ္​လို႔သိရပါတယ္​။


က်ဆံုးစစ္သည္မ်ား ႏွင့္တကြ တပ္မေတာ္သား အေပါင္းအား လက္တင္အေလးျပဳလ်က္
ေလးစားစြာျဖင့္
နဳိင္ျမန္မာ (ၾသစေၾတလွ်)
Respectfully full credit given to Dar Kole
Reference link: https://www.facebook.com/dar.kole.98/posts/511170212650449
Retrieved date: 06/08/2018

Unicode
ဘီလင်း ရေဘေးတွင် အသက်စွန့်လိုက်ရတဲ့ တပ်မတော်သား ၃ ဦးရဲ့ အဖြစ်အပျက်မှန်

ဘီလင်း၊ သြဂုတ်လ ၆၊ ၂၀၁၈

ခမရ ၂ အနေနဲ့ ရှေ့တန်းမှ ပြန်ရောက်ချင်းပဲ တိုင်းမှူးရဲ့ ညွန်ကြားမှူနဲ့ အတူ ရေဘေးစဖြစ်သည်နှင့် ချက်ချင်းကူညီနိုင်ရန် ၂၆.၇.၂၀၁၈ ရက်နေ့တွင် အသင့်အနေအထား အဖြစ် ကြိုတင်ပြင်ဆင်ထားရှိပြီး ၂၇.၇.၂၀၁၈ ရက်နေ့တွင် ပြည်သူများအား ကူညီရန်အတွက်စတင်ခဲ့ကြပါတယ်။

စစ်သည်များ ရေနှင့်ပါသွားခဲ့သည့်နေရာတွင် အရာရှိတစ်ဦး ဦးဆောင်ပြီး စစ်သည်များဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေခဲ့ကြပါတယ်၊ ထိုသို့ လုပ်ဆောင်နေဆဲအချိန်မှာပဲ ရေစီးသန်လွန်းနေသည့်နေရာမှ ခရီးသည် ၄ ဦး အော်ဟစ်၍ အကူညီတောင်းခံနေတာကို တွေ့လိ်ုက်ရပါတယ်၊ ၃ ဦးက ခြုံပေါ်တွင်တင်နေပြီး ၁ ဦးက အနီးနား သစ်ပင်ပေါ်မှာ ရောက်ရှိနေပါတယ်။

တွေ့သည်နှင့် တပြိုင်နက် အရာရှိ ၁ ၊အခြားအဆင့် ၅ တို့ဟာ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ပြီး အဆိုပါ ခရီးသည် (၄) ဦးကို ကယ်တင်နိုင်ဖို့ တဖြေးဖြေးချင်း အနီးနား ကပ်သွားခဲ့ပါတယ်။

ခြုံပေါ်တွင် တင်နေတဲ့ ခရီးသည် ၃ ဦး အနားရောက်လုဆဲအချိန်မှာပဲ ရေတိုက်စားမှူကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေတဲ့ လမ်းချိုင့်ကြီးတစ်ခုထဲကို လက်ချင်းချိတ်၍ လျှောက်လာကြတဲ့ တပ်မတော်သား ၆ ဦးထဲမှ ၁ ဦးဟာ ခြေကျွံ့ပြီး လဲကျသွားခဲ့ပါတယ်။

ရေစီးအား သန်လွန်းတာကြောင့် လက်ချင်းချိတ်ထားတဲ့ တပ်မတော်သား ၆ ဦးစလုံးဟာ
ဟန်ချက်ပျက်ကာ အားလုံးလဲကျပြီး ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်၊ ရေစီးနဲ့ မျောပါသွားခဲ့တဲ့ တပ်မတော်သား ၆ ဦးထဲမှအရှေ့ဆုံး တစ်ဦးဟာ ရေစီးနဲ့ မျောပါရင်း ဓာတ်တိုင်တစ်ခုအနား ရောက်ရှိသွားရာကနေ ဓာတ်တိုင်အခြေမှ သံတိုင်များကို ဖက်တွဲထားနိုင်ခဲ့ပါတယ်၊ ဖက်တွဲထားနိုင်ချင်းချင်းပဲ ရေစီးအားနဲ့ ပါလာတဲ့ အရာရှိကိုတွေ့ရှိပြီ ချက်ချင်း လက်ချင်းပြန်ချိတ်နိုင်ခဲ့ပါတယ်၊ အရာရှိမှလဲ မိမိနောက်မှ ကပ်လျက်ပါရှိလာသော စစ်သည် တစ်ဦးအား လက်ဖြင့် ပြန်လည် ချိတ်ဆက် ဆွဲယူနိုင်ခဲ့ပါတယ်။

ကျန်စစ်သည် ၃ ဦးမှာ တစ်ကွဲစီဖြစ်သွားတာကြောင့် ကြမ်းတမ်းလှတဲ့ ရေစီးထဲ ကြိုးစားကူခပ်ရင်း မျောပါသွားခဲ့ရပြီး အသက်ပေးလှူခဲ့ရခြင်းဖြစ်ပါတယ်။

ကျဆုံးစစ်သည် ၃ ဦးမှာ
၁။ အမှတ် တ/၄၀၆၆၄၆ တပ်သားကျော်ကျော် (အိမ်ထောင်ရှိ ၊ ကျန်ရစ် ဇနီး ကိုယ်ဝန်(၅)လ ဖြင့်ကျန်ခဲ့)
၂။ အမှတ် တ/၅၁၄၈၂၄ တပ်သား ဖြိုးရန်နိုင်ခန့် (အိမ်ထောင်ရှိ)
၃။ အမှတ် တ/၅၁၇၁၃၃ တပ်သား စောတင်မောင်ဝင်း (လူပျို)

ရွှေပြည်တော်သို့ ဆုံမှတ်အသင်းက ယနေ့ (သြဂုတ်လ ၄ ရက်နေ့ဟုယူဆရ) တွင် ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား ညီထောက်ပံ့မှူများ၊ အားပေးနှစ်သိမ့်မှူများ ပြုလုပ်ခဲ့ပြီး တပ်သားကျော်ကျော်၏ မွေးဖွားလာမည့် ရင်သွေးငယ်လေးအား မွေးဖွားမည့်အချိန်အထိနှင့် မွေးဖွားပြီး နောက်ပိုင်းအထိပါ မိမိတို့အသင်းမှ ဆက်လက်ကူညီထောက်ပံ့ပေးနိုင်ရန် တာဝန်ရှိသူများ၊ မိသားစုဝင်များနှင့်ပါ ချိတ်ဆက် ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။

ကျဆုံးစစ်သည်များ နှင့်တကွ တပ်မတော်သား အပေါင်းအား လက်တင်အလေးပြုလျက်
လေးစားစွာဖြင့်

နိုင်မြန်မာ (သြစတြေလျှ)


Respectfully full credit given to Dar Kole
Retrieved date: 06/08/2018