Sunday, August 5, 2018

ယေန့ ျမန္မာနဳိင္ငံ အနယ္နယ္အရပ္ရပ္မွ ေရၾကီးေရလွ်ံမွဳနွင့္ ပ်က္ဆီးဆုံးရွုံး အေျခအေနမ်ား





ယေန့ ျမန္မာနဳိင္ငံ အနယ္နယ္အရပ္ရပ္မွ ေရၾကီးေရလွ်ံမွဳနွင့္ ပ်က္ဆီးဆုံးရွုံး အေျခအေနမ်ား

ျမန္မာနဳိင္ငံ၊ ၾသဂုတ္လ ၊ ၂၀၁၈

၂၀၁၈ ခုႏွစ္၊ ဩဂုတ္လ ၄ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ ၅ ရပ္ကြက္အတြင္းသို႔ ၁ ေပမွ ၂ ေပခန္႔ထိ ေရဝင္ေရာက္လာသျဖင့္ အိမ္ေထာင္စု ၄ စုမွ မိသားစုဝင္မ်ားက အဆိုပါရပ္ကြက္ရွိ ကၽြန္းေတာေစ်း ေရေဘးကယ္ဆယ္ေရး စခန္းသို႔ ေျပာင္းေရႊ႕ေနထိုင္လ်က္ရွိေၾကာင္းမြန္းလြဲ ၁၂ နာရီအခ်ိန္ မိုးရြာသြန္းၿပီး ျမစ္ေရျမင့္တက္ မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္၊ အမွတ္ ၃ ရပ္ကြက္ရွိ ေျမနိမ့္ပိုင္းေန အိမ္ေထာင္စု ၄၉ စုမွ မိသားစုဝင္မ်ားက ေရေဘးလြတ္ရာ ဘုန္းႀကီးေက်ာင္းသို႔ ယာယီေျပာင္းေရႊ႕ ေနထိုင္လ်က္ ရွိေၾကာင္း။ ဩဂုတ္လ ၄ ရက္ေန႔ နံနက္ ၅ နာရီ ၄၅ မိနစ္ခ်ိန္ မိုးရြာသြန္းမႈေၾကာင့္ ပဲခူးတိုင္း ေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေနာင္ကုန္းေက်းရြာႏွင့္ ရင္းတိုက္ကုန္းေက်းရြာသို႔ ဆက္သြယ္ထား သည့္ အရွည္ ၁၅ ေပခန္႔ရွိ ကြန္ကရစ္ခံတံတားမွာ အင္းေရတိုက္စား၍ ပ်က္စီးနစ္ျမဳပ္သြားခဲ့ရာ တန္ဖိုး က်ပ္ ၅ သိန္းခန္႔ ဆုံးရႈံးခဲ့ေၾကာင္း ၾသဂုတ္လ ရက္ ၂၀၁၈ ရဲဇာနည္ Facebook သတင္းေဖၚျပခ်က္အရ သိရွိရပါသည္။

အလားတူ ဩဂုတ္လ ၃ ရက္ေန႔ ည ၉ ရက္ေန႔ ၁၅ မိနစ္ခ်ိန္ ေလဆင္ႏွာေမာင္းတိုက္ခတ္ မႈေၾကာင့္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ ငန္းေတးရပ္ကြက္ရွိ ေနအိမ္ ၃ လုံး၊ ဝက္ၿခံ ၁ ၿခံ အမိုးလန္ ႏွင့္ လမ္းမီးတိုင္ ၁ တိုင္က်ိဳးက်၊ သစ္ပင္လဲက်၍ ေနအိမ္ ၁ လုံးအမိုးပ်က္စီးခဲ့ၿပီး ဩဂုတ္လ ၄ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ ေလဆင္ႏွာေမာင္းတိုက္ခတ္ မႈေၾကာင့္ ေျမနီကုန္းရပ္ကြက္ရွိ ဘုန္းႀကီး ေက်ာင္း ဆြမ္းစားေဆာင္ ၁ ေဆာင္ အမိုးပ်က္စီးခဲ့ရာ တန္ဖိုးက်ပ္ ၅ သိန္းခန္႔ ဆုံးရႈံးခဲ့ေၾကာင္း၊ မြန္းလြဲ ၁၂ နာရီတြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေခ်ာင္းဆုံၿမိဳ႕နယ္၊ မုရစ္ကေလးေက်းရြာ ၌ ေနအိမ္ ၁ လုံး အမိုးလန္ပ်က္စီးခဲ့ရာ တန္ဖိုးက်ပ္ ၂ သိန္းခန္႔ ဆုံးရႈံးခဲ့ေၾကာင္းထို႔အတူ ဩဂုတ္လ ၄ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ မိုးရြာသြန္းမႈေၾကာင့္ ရွမ္းျပည္နယ္၊ မိုင္းရႉးၿမိဳ႕၊ ရပ္ကြက္ ၂ ေခ်ာင္းစပ္အနီးရွိ ေနအိမ္မ်ား အတြင္းသို႔ ေရ ၂ ေပခန္႔ ဝင္ေရာက္ခဲ့သျဖင့္ အိမ္ေထာင္စု ၄၇ စုမွ မိသားစုမ်ားက နီးစပ္ရာေဆြမ်ိဳးမ်ား ေနအိမ္သို႔ ယာယီေျပာင္းေရႊ႕ေနထိုင္လ်က္ ရွိေၾကာင္းမြန္းတည့္ ၁၂ နာရီအခ်ိန္ မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဧရာဝတီတိုင္း ေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္၊ သကၤန္းေလးေက်းရြာ၌ ေနအိမ္ ၁ လုံး အမိုးလန္ပ်က္စီးခဲ့ရာ တန္ဖိုးေငြ က်ပ္ ၂ သိန္းခန္႔ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ရဲဇာနည္ မွ ဆက္လက္ ေဖၚျပပါသည္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: ရဲဇာနည္ Facebook
Reference link: https://www.facebook.com/yezarnimedia/posts/2013702612015861
Retrieved date: 05/08/2018

Unicode
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ရေကြီးရေလျှံမှုနှင့် ပျက်ဆီးဆုံးရှုံး အခြေအနေများ

မြန်မာနိုင်ငံ၊ သြဂုတ်လ ၅၊ ၂၀၁၈

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၆ နာရီအချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ၅ ရပ်ကွက်အတွင်းသို့ ၁ ပေမှ ၂ ပေခန့်ထိ ရေဝင်ရောက်လာသဖြင့် အိမ်ထောင်စု ၄ စုမှ မိသားစုဝင်များက အဆိုပါရပ်ကွက်ရှိ ကျွန်းတောဈေး ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ မွန်းလွဲ ၁၂ နာရီအချိန် မိုးရွာသွန်းပြီး မြစ်ရေမြင့်တက် မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေ အိမ်ထောင်စု ၄၉ စုမှ မိသားစုဝင်များက ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း။ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ချိန် မိုးရွာသွန်းမှုကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာနှင့် ရင်းတိုက်ကုန်းကျေးရွာသို့ ဆက်သွယ်ထား သည့် အရှည် ၁၅ ပေခန့်ရှိ ကွန်ကရစ်ခံတံတားမှာ အင်းရေတိုက်စား၍ ပျက်စီးနစ်မြုပ်သွားခဲ့ရာ တန်ဖိုး ကျပ် ၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သြဂုတ်လ ၅ ရက် ၂၀၁၈ ရဲဇာနည် Facebook သတင်းဖေါ်ပြချက်အရ သိရှိရပါသည်။

အလားတူ ဩဂုတ်လ ၃ ရက်နေ့ ည ၉ ရက်နေ့ ၁၅ မိနစ်ချိန် လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ နေအိမ် ၃ လုံး၊ ဝက်ခြံ ၁ ခြံ အမိုးလန် နှင့် လမ်းမီးတိုင် ၁ တိုင်ကျိုးကျ၊ သစ်ပင်လဲကျ၍ နေအိမ် ၁ လုံးအမိုးပျက်စီးခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့် မြေနီကုန်းရပ်ကွက်ရှိ ဘုန်းကြီး ကျောင်း ဆွမ်းစားဆောင် ၁ ဆောင် အမိုးပျက်စီးခဲ့ရာ တန်ဖိုးကျပ် ၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ ၌ နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးကျပ် ၂ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ ထို့အတူ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၈ နာရီအချိန် မိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့၊ ရပ်ကွက် ၂ ချောင်းစပ်အနီးရှိ နေအိမ်များ အတွင်းသို့ ရေ ၂ ပေခန့် ဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၄၇ စုမှ မိသားစုများက နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ မွန်းတည့် ၁၂ နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်၊ သင်္ကန်းလေးကျေးရွာ၌ နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးငွေ ကျပ် ၂ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲဇာနည် မှ ဆက်လက် ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: ရဲဇာနည် Facebook
Reference link: https://www.facebook.com/yezarnimedia/posts/2013702612015861
Retrieved date: 05/08/2018

No comments:

Post a Comment