Sunday, July 29, 2018

ထိုင္၀မ္ကမ္းလြန္ပင္လယ္ျပင္တြင္ ျမန္မာသေဘၤာသား ၃ဦးအား ထိုင္ဝမ္ေလတပ္မွ အေရးေပၚသြားေရာက္ ကယ္တင္ခဲ့ရသည္ဟုဆုိ





ထိုင္၀မ္ကမ္းလြန္ပင္လယ္ျပင္တြင္ ျန္မာသေဘၤာသား ၃ဦးအား ထိုင္မ္ေလတပ္မွ အေရးေပၚသြားေရာက္ ကယ္တင္ခဲ့ရသည္ဟုဆုိ

ဇူလုိင္ ၂၉၊ ၂၀၁၈

ထိုင္၀မ္ေတာင္ပိုင္းေကာင္းရွံဳျမိဳ ့ရဲ ့အေနာက္ေတာင္ဘက္ ၃၃၀ကီလိုမီတာအကြာခန္ ့ပင္လယ္ျပင္တြင္ ဓါတုေဗဒရည္တင္ေဆာင္သည့္ပင္လယ္ကူးသေဘၤာတစင္းရဲ ့အေရးေပၚအကူအညီေတာင္းမွဳ လက္ခံရရိွျခင္းေႀကာင့္ ထိုင္၀မ္ေလတပ္မွ အနီးဆံုးေဒသရိွအေျခစိုက္စခန္းမွ ျပင္သစ္လုပ္ ကယ္ဆယ္ေရးရဟတ္ယာဥ္ ေစလႊတ္ျပီး သေဘၤာေပၚမွ ျမန္မာသေဘၤာသား ၃ဦးအား သြားေရာက္ေခၚေဆာင္ကယ္တင္ခဲ့ရသည္ဟု 郭萬昌 Facebook မွာ Dr Myo Tun အမည္ျဖင့္ ေဖၚျပထားပါတယ္။

အဆိုပါျမန္မာသေဘၤာသား ၃ဦးဟာ Stellar Orchid အမည္ရိွသေဘၤာေပၚတြင္ ဓါတုေဗဒအရည္မ်ား မ်က္လံုးႏွင့္ခႏၶာကိုယ္တို ့အားထိေတြ ့ဒဏ္ရာရရိွခဲ့ျခင္းေႀကာင့္အေရးေပၚ အကူအညီေတာင္းခံခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထိုင္၀မ္ကယ္ဆယ္ေရးရဟတ္ယာဥ္မွ တင္ေဆာင္လာခဲ့ေသာ ျမန္မာ ၃ဦးဟာ ယမန္ေန ့မနက္ ၀၁း၃၀ ခန္ ့တြင္ ထိုင္၀မ္ေတာင္ပိုင္းေကာင္းရွံဳေလဆိပ္သို ့ေရာက္ရိွခဲ့ျပီး အသင့္ေစာင့္ဆိုင္းေနေသာ သူနာျပဳယာဥ္မွ နီးစပ္ရာေဆးရံုသို ့တိုက္ရိုက္အျမန္ပို ့ေဆာင္ေပးခဲ့သည္ဟု ဆက္လက္ေဖၚျပထားပါတယ္။

ေလးစားစြာျဖင့္- နွင္းေမာင္
ကုိးကား Reference: 郭萬昌 Facebook
Reference Link:
https://www.facebook.com/Heaven.Jade.9/posts/2009394575746423


Unicode
ထိုင်ဝမ်ကမ်းလွန်ပင်လယ်ပြင်တွင် မြန်မာသင်္ဘောသား ၃ဦးအား ထိုင်ဝမ်လေတပ်မှ အရေးပေါ်သွားရောက် ကယ်တင်ခဲ့ရသည်ဟုဆို

ဇူလိုင် ၂၉၊ ၂၀၁၈

ထိုင်ဝမ်တောင်ပိုင်းကောင်းရှုံမြို့ရဲ့အနောက်တောင်ဘက် ၃၃၀ကီလိုမီတာအကွာခန့်ပင်လယ်ပြင်တွင် ဓါတုဗေဒရည်တင်ဆောင်သည့်ပင်လယ်ကူးသင်္ဘောတစင်းရဲ့ အရေးပေါ်အကူအညီတောင်းမှု လက်ခံရရှိခြင်းကြောင့် ထိုင်ဝမ်လေတပ်မှ အနီးဆုံးဒေသရှိအခြေစိုက်စခန်းမှ ပြင်သစ်လုပ် ကယ်ဆယ်ရေးရဟတ်ယာဉ် စေလွှတ်ပြီး သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၃ဦးအား သွားရောက်ခေါ်ဆောင်ကယ်တင်ခဲ့ရသည်ဟု 郭萬昌 Facebook မှာ Dr Myo Tun အမည်ဖြင့် ဖေါ်ပြထားပါတယ်။

အဆိုပါမြန်မာသင်္ဘောသား ၃ဦးဟာ Stellar Orchid အမည်ရှိသင်္ဘောပေါ်တွင် ဓါတုဗေဒအရည်များ မျက်လုံးနှင့်ခန္ဓာကိုယ်တို့အားထိတွေ့ဒဏ်ရာရရှိခဲ့ခြင်းကြောင့်အရေးပေါ် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်ကယ်ဆယ်ရေးရဟတ်ယာဉ်မှ တင်ဆောင်လာခဲ့သော မြန်မာ ၃ဦးဟာ ယမန်နေ ့မနက် ဝ၁း၃၀ ခန် ့တွင် ထိုင်ဝမ်တောင်ပိုင်းကောင်းရှုံလေဆိပ်သို ့ရောက်ရှိခဲ့ပြီး အသင့်စောင့်ဆိုင်းနေသော သူနာပြုယာဉ်မှ နီးစပ်ရာဆေးရုံသို ့တိုက်ရိုက်အမြန်ပို့ဆောင်ပေးခဲ့သည်ဟု ဆက်လက်ဖေါ်ပြထားပါတယ်။

လေးစားစွာဖြင့်- နှင်းမောင်
ကိုးကား Reference: 郭萬昌 Facebook
Reference Link:
https://www.facebook.com/Heaven.Jade.9/posts/2009394575746423

No comments:

Post a Comment