ဦးရဲလြင္ (မဇၥ်ိမလႈိင္း)
ရုပ္အေလာင္းကို ဇူလိုင္ ၁၄ ရက္မွာ သၿဂၤိဳဟ္မည္ျဖစ္ေၾကာင္းသိရ
ဇူလိုင္ - ၁၁၊၂၀၁၈
မဇၥ်ိမလႈိင္းရဲ႕
ပဲ့ကိုင္ရွင္ ျငိမ္းခ်မ္းေရး ပရဟိတသမားႀကီး ဦးရဲလြင္ရဲ႕ရုပ္အေလာင္းကို
ဒီကေန႔မနက္မွာ ကုတင္ ၅၀၀ ေဆးရံုကေန ေရေဝးသို႔ နာေရးကူညီမႈအသင္းက
ဦးေက်ာ္သူကိုယ္တုိင္ဦးေဆာင္ၿပီး လာေရာက္သယ္ယူပို႔ေဆာင္ခဲ့ေၾကာင္းသတင္းရရွိပါတယ္။
ဦးရဲလြင္(မဇၥ်ိမလႈိင္း) သည္
အသဲေရာဂါျဖင့္ ရန္ကုန္ေဆးရံုသစ္ႀကီး ကုတင္ငါးရာကု ေဆးရံုတြင္ ဇူလိုင္ ၁၀ ရက္ ညေန ၄
နာရီ ၁၀မိနစ္တြင္ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ ၾကြင္းက်န္ရစ္တဲ့ ရုပ္အေလာင္းကိုေတာ့
ဇူလုိ္င္ ၁၄ရက္ေန႔မွာ သၿဂၤိဟ္မွာျဖစ္ေၾကာင္းလည္းသိရွိရပါတယ္။
ဦးရဲလြင္ဟာ ေသဆံုးခ်ိန္မွာ
အသက္ ၇၁ႏွစ္ရွိၿပီျဖစ္ကာ သူ႔ရဲ႕အႏုပညာသက္တမ္းဟာ အႏွစ္ငါးဆယ္ခန္႔ရွိၿပီျဖစ္ပါတယ္။ သူဟာ ဒုကၡသည္မ်ားအတြက္
သူတတ္ကြၽမ္းေသာ ဂီတအႏုပညာျဖင့္ တစ္ဖက္ တစ္လမ္းမွ မေသခင္အခ်ိန္ထိ ကူညီေပးခဲ့သူျဖစ္ျပီး ျပည္ပေရာက္ ျမန္မာတိုင္းရင္းသား
မိသားစုမ်ားက ဂုဏ္ျပဳေပးအပ္သည့္ ၂၀၁၃ ခုႏွစ္အတြက္ စတုတၳအႀကိမ္ေျမာက္ ျပည္သူ႔ဂုဏ္ရည္ဆုမ်ားေပးအပ္ပြဲတြင္
ျပည္သူ႔ဂုဏ္ရည္ အထူးဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ေလးစားစြာျဖင့္၊
အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္ သတင္းမ်ား True News
Unicode
ဦးရဲလွင် (မဇ္ဈိမလှိုင်း) ရုပ်အလောင်းကို
ဇူလိုင် ၁၄ ရက်မှာ သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရ
ဇူလိုင် - ၁၁၊၂၀၁၈
မဇ္ဈိမလှိုင်းရဲ့ ပဲ့ကိုင်ရှင် ငြိမ်းချမ်းရေး
ပရဟိတသမားကြီး ဦးရဲလွင်ရဲ့ရုပ်အလောင်းကို ဒီကနေ့မနက်မှာ ကုတင် ၅၀ဝ ဆေးရုံကနေ ရေဝေးသို့
နာရေးကူညီမှုအသင်းက ဦးကျော်သူကိုယ်တိုင်ဦးဆောင်ပြီး လာရောက်သယ်ယူပို့ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်။
ဦးရဲလွင်(မဇ္ဈိမလှိုင်း) သည် အသဲရောဂါဖြင့်
ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်ငါးရာကု ဆေးရုံတွင် ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၁၀မိနစ်တွင်
ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ဇူလိူင် ၁၄ရက်နေ့မှာ သင်္ဂြိဟ်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။
ဦးရဲလွင်ဟာ သေဆုံးချိန်မှာ အသက် ၇၁နှစ်ရှိပြီဖြစ်ကာ
သူ့ရဲ့အနုပညာသက်တမ်းဟာ အနှစ်ငါးဆယ်ခန့်ရှိပြီဖြစ်ပါတယ်။ သူဟာ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော
ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ မသေခင်အချိန်ထိ ကူညီပေးခဲ့သူဖြစ်ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသား
မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲတွင်
ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia
ဖြစ်ရပ်မှန် သတင်းများ True News
No comments:
Post a Comment