Image Credit News
မယ္ဆုိင္ဂူထဲ့က
လူငယ္ ၁၃ ေယာက္ကုိ ဘယ္လုိကယ္ထုတ္ခဲ့သလဲ
ဇူလုိင္
၁၁၊၂၀၁၈
ဇူလုိင္
၁၁ ရက္ေန့ ထုိင္းသတင္းစာရွင္းလင္းပြဲမွ ထုိင္းသတင္းျပန္ၾကားေရးတာဝန္ရွိမွ တင္ျပရာမွ
၎တုိ့ လူငယ္ေတြ ဂူအတြင္းပိတ္မိေနတယ္လုိ့ သိရွိခ်ိန္မွစျပီး ကြ်မ္းက်င္သူေရငုတ္သမားမ်ားျဖင့္
ဂူအတြင္း လူငယ္ေတြကုိ စတင္ရွာေဖြခဲ့တယ္၊ သုိ့ေသာ္ ဇြန္ ၂၅ ရက္ေန့မွာ ဂူအတြင္းေရေတြ
ေျဖးေျဖးတက္လာခဲ့တယ္၊ ဇြန္ ၂၇ ရက္မွာေတာ့ ရာသီဥတုဆုိးဝါးျပီး ဂူအဝထိ ေရေတြ တက္လာခဲ့တာေၾကာင့္
ကယ္ဆယ္ေရးအဖြဲ့ဝင္မ်ားရဲ့ အသက္အႏၱရယ္ စုိးရိမ္ရတာေၾကာင့္ အာလုံးကုိ ဂူအတြင္း အခန္း
၃ က ေနာက္ျပန္ဆုတ္ရတဲ့ အေနအထားမ်ိဳးျဖစ္ခဲ့ရတယ္၊ ဒီေနာက္မွာ ေရစုတ္စက္မ်ားနဲ့ ေရေတြျပန္က်ေအာင္စုတ္ထုတ္ခဲ့ၾကရျပီး
ကယ္ဆယ္ေရးအဖြဲ့ဝင္ ေသာင္းဂဏန္းနဲ့ခ်ီျပီးရွိခဲ့တယ္။
သတင္းေထာက္တခ်ိဳ့မွ
လူငယ္ေတြကုိ ကယ္ထုတ္ရာမွာ ေမ့ေဆးေပးျပီးေခၚထုတ္ခဲ့ပါသလားလုိ့ သတင္းျပန္ၾကားေရးတာဝန္ရွိသူမ်ားကုိ
ေမးျမန္းရာ တိတိက်က် ေျဖၾကားသြားျခင္းမရွိဘဲ ကေလးေတြကိုေမ့ေဆးေပးၿပီး
ဂူတြင္းမွသယ္လာတယ္ဆိုတာ ကၽြန္ေတာ္မသိပါ၊ ကၽြန္ေတာ့တာဝန္က
ေဆးကုသဖုိ့လုပ္ထားတဲ့ စခန္း (Medical Camp) ထဲကိုေရာက္လာမွ
လိုအပ္တဲ့စစ္ေဆးမႈေတြျပဳလုပ္ၿပီး ခ်င္း႐ိုင္းေဆးရံုကုိ အခ်ိန္မွီေရာက္ေအာင္
တာဝန္ယူေဆာင္ရြက္ ေပးရတာပါလုိ့ ခ်င္း႐ိုင္းေဆးရံု ညြွန့္ၾကားေရးမွဳး
(Director of Chiangrai
PrachanuKroh Hospital) မွ ေဒါက္တာ ခ်ိဳက္ဝတ္ (Dr. Chaiwat) ကသတင္းေထာက္မ်ားကို
ေျဖၾကားခဲ့ပါတယ္။
ဆက္လက္ျပီး
စစ္ဖက္အရာရွိ တာဝန္ရွိသူမွ ကယ္ထုတ္လာပုံအဆင့္ဆင့္အေၾကာင္းေျဖၾကားရာ ဂူအတြင္းတခ်ိဳ့
ေနရာေတြမွာ ေရ ၄၀% က်န္ေနေသးတဲ့အတြက္ ေခါင္းေဖၚလုိ့မရေၾကာင္း၊ တခ်ဳိ့ေနရာေတြမွာ အေအးဓါတ္
လြန္ကဲေနတဲ့အတြက္ လူငယ္ေတြရွိတဲ့ ဂူအတြင္းပုိင္ကေန သူတို႕မ်က္နွာမွာ
မ်က္နွာဖုံး (Musk)၊ ေအာက္စီဂ်င္ဗူး နဲ့ အသက္ရွုထိန္း
ကရိယာ (Breathing Regulator) မ်ားတပ္ဆင္ေပးၿပီး အထူးကယ္ဆယ္ေရး
ေရငုတ္အဖြဲ့ဝင္ နွစ္ဦး ျခံရံျပီး ဂူအတြင္းပုိင္းမွ ဂူအတြင္း
အခန္းအမွတ္ ၃ ထိမယူေမွ်ာလာရၿပီး၊
ဂူအခန္း ၃ မွ ဂူအဝထိ လူငယ္ကုိ ထမ္းစဥ္ေပၚတင္ျပီး ကြ်မ္းက်င္ကယ္ဆယ္ေရး အဖြဲ့ဝင္ ၁၀၀
ကုိသုံးျပီး သယ္ထုတ္ခဲ့ေၾကာင္းတုိ့ကုိ ေျပာၾကားသြားပါတယ္။
တိတိက်က်ေျပာၾကားသြားျခင္းမရွိတာကေတာ့
လူငယ္ေတြကိုခႏၶာကိုယ္ၿငိမ္သက္ေစသည့္ေစသည့္ေဆး၊
ႂကြက္သားမ်ားကိုေျဖေလ်ာ့ေစသည့္ေဆးတစ္မ်ိဳးကိုတိုက္ေႂကြးၿပီး မလွဳပ္မယွက္သက္ေသာင့္
သက္သာေစေသာနည္းျဖင့္သယ္ယူလာရေၾကာင္းသာေျပာျပီး
ေမ့ေဆးလားဆုိတာကုိေတာ့ အမ်ိဳးအစားမေျပာဘဲ့ ထားခဲ့ပါတယ္။
ဒီအျပင္ ဘယ္လိုနည္းနဲသယ္လာတာလဲ လုိ့ သတင္းေထာက္တဦး
ေမးျမန္းရာမွာ သတင္းျပန္ၾကားေရးတာဝန္ရွိသူမွ သိခ်င္ရင္ဂူထဲလိုက္ခဲ့လက္ေတြ႕ျပမယ္
ဆုိျပီး ရီစရာပ်က္လုံးထုတ္သြားခဲ့ပါတယ္။
လူငယ္ေတြရဲ့
လက္ရွိအေျခအေနအေၾကာင္းကေတာ့ လူငယ္အားလုံးက်န္းမာစြာရွိၾကေပမဲ့ သူတုိ့ရဲ့မိသားစုေတြကုိေတာ့
မွန္လုံခန္းအျပင္မွသာေတြ့ခြင့္ရၾကပါတယ္။ လူငယ္ေတြက်န္းမာေရးအတြက္ တာဝန္ရွိသူေတြက အနီးကပ္
ျပဳစုေစာင့္ေရွာက္ေနျပီး ေဆးရုံမွာ ရက္ေပါင္း ၇၀ ခန့္ထားရွိမည္ျဖစ္ျပီး အိမ္ျပန္လြွတ္ျပီး
ရက္ ၃၀ ခန့္လဲ့ အနီးကပ္ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္းတုိ့ကုိလည္းသိရွိရပါတယ္။
မယ္ဆုိင္ဂူကုိေတာ့
ယေန့မနက္ပုိင္း ၁၀ နာရီခန့္က ပိတ္လုိက္ျပီး အျပင္လူမ်ားမဝင္နုိင္ရန္ အေစာင့္အေရွာက္မ်ားခ်ထားလုိက္ျပီးျဖစ္ေၾကာင္းတုိ့ကုိ
ဇူလုိင္ ၁၁ ရက္ေန့ ထုိင္းသတင္းစာရွင္းလင္းပြဲမွသိရွိရပါတယ္။
ေလးစားစြာျဖင့္၊
အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊
ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္
သတင္းမ်ား True News
Unicode
မယ်ဆိုင်ဂူထဲ့က
လူငယ် ၁၃ ယောက်ကို ဘယ်လိုကယ်ထုတ်ခဲ့သလဲ
ဇူလိုင် ၁၁၊၂၀၁၈
ဇူလိုင် ၁၁
ရက်နေ့ ထိုင်းသတင်းစာရှင်းလင်းပွဲမှ ထိုင်းသတင်းပြန်ကြားရေးတာဝန်ရှိမှ တင်ပြရာမှ ၎င်းတို့
လူငယ်တွေ ဂူအတွင်းပိတ်မိနေတယ်လို့ သိရှိချိန်မှစပြီး ကျွမ်းကျင်သူရေငုတ်သမားများဖြင့်
ဂူအတွင်း လူငယ်တွေကို စတင်ရှာဖွေခဲ့တယ်၊ သို့သော် ဇွန် ၂၅ ရက်နေ့မှာ ဂူအတွင်းရေတွေ
ဖြေးဖြေးတက်လာခဲ့တယ်၊ ဇွန် ၂၇ ရက်မှာတော့ ရာသီဥတုဆိုးဝါးပြီး ဂူအဝထိ ရေတွေ တက်လာခဲ့တာကြောင့်
ကယ်ဆယ်ရေးအဖွဲ့ဝင်များရဲ့ အသက်အန္တရယ် စိုးရိမ်ရတာကြောင့် အာလုံးကို ဂူအတွင်း အခန်း
၃ က နောက်ပြန်ဆုတ်ရတဲ့ အနေအထားမျိုးဖြစ်ခဲ့ရတယ်၊ ဒီနောက်မှာ ရေစုတ်စက်များနဲ့ ရေတွေပြန်ကျအောင်စုတ်ထုတ်ခဲ့ကြရပြီး
ကယ်ဆယ်ရေးအဖွဲ့ဝင် သောင်းဂဏန်းနဲ့ချီပြီးရှိခဲ့တယ်။
သတင်းထောက်တချို့မှ
လူငယ်တွေကို ကယ်ထုတ်ရာမှာ မေ့ဆေးပေးပြီးခေါ်ထုတ်ခဲ့ပါသလားလို့ သတင်းပြန်ကြားရေးတာဝန်ရှိသူများကို
မေးမြန်းရာ တိတိကျကျ ဖြေကြားသွားခြင်းမရှိဘဲ ကလေးတွေကိုမေ့ဆေးပေးပြီး ဂူတွင်းမှသယ်လာတယ်ဆိုတာ
ကျွန်တော်မသိပါ၊ ကျွန်တော့တာဝန်က ဆေးကုသဖို့လုပ်ထားတဲ့ စခန်း (Medical
Camp) ထဲကိုရောက်လာမှ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး ချင်းရိုင်းဆေးရုံကို အချိန်မှီရောက်အောင်
တာဝန်ယူဆောင်ရွက် ပေးရတာပါလို့ ချင်းရိုင်းဆေးရုံ ညွှန့်ကြားရေးမှုး (Director
of Chiangrai PrachanuKroh Hospital) မှ ဒေါက်တာ ချိုက်ဝတ် (Dr.
Chaiwat) ကသတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး
စစ်ဖက်အရာရှိ တာဝန်ရှိသူမှ ကယ်ထုတ်လာပုံအဆင့်ဆင့်အကြောင်းဖြေကြားရာ ဂူအတွင်းတချို့
နေရာတွေမှာ ရေ ၄၀% ကျန်နေသေးတဲ့အတွက် ခေါင်းဖေါ်လို့မရကြောင်း၊ တချို့နေရာတွေမှာ အအေးဓါတ်
လွန်ကဲနေတဲ့အတွက် လူငယ်တွေရှိတဲ့ ဂူအတွင်းပိုင်ကနေ သူတို့မျက်နှာမှာ မျက်နှာဖုံး (Musk)၊ အောက်စီဂျင်ဗူး
နဲ့ အသက်ရှုထိန်း ကရိယာ (Breathing Regulator)
များတပ်ဆင်ပေးပြီး အထူးကယ်ဆယ်ရေး ရေငုတ်အဖွဲ့ဝင် နှစ်ဦး ခြံရံပြီး ဂူအတွင်းပိုင်းမှ
ဂူအတွင်း အခန်းအမှတ် ၃ ထိမယူမျှောလာရပြီး၊ ဂူအခန်း ၃ မှ ဂူအဝထိ လူငယ်ကို ထမ်းစဉ်ပေါ်တင်ပြီး
ကျွမ်းကျင်ကယ်ဆယ်ရေး အဖွဲ့ဝင် ၁၀ဝ ကိုသုံးပြီး သယ်ထုတ်ခဲ့ကြောင်းတို့ကို ပြောကြားသွားပါတယ်။
တိတိကျကျပြောကြားသွားခြင်းမရှိတာကတော့
လူငယ်တွေကိုခန္ဓာကိုယ်ငြိမ်သက်စေသည့်စေသည့်ဆေး၊ ကြွက်သားများကိုဖြေလျော့စေသည့်ဆေးတစ်မျိုးကိုတိုက်ကြွေးပြီး
မလှုပ်မယှက်သက်သောင့်
သက်သာစေသောနည်းဖြင့်သယ်ယူလာရကြောင်းသာပြောပြီး
မေ့ဆေးလားဆိုတာကိုတော့ အမျိုးအစားမပြောဘဲ့ ထားခဲ့ပါတယ်။ ဒီအပြင် ဘယ်လိုနည်းနဲသယ်လာတာလဲ
လို့ သတင်းထောက်တဦး မေးမြန်းရာမှာ သတင်းပြန်ကြားရေးတာဝန်ရှိသူမှ သိချင်ရင်ဂူထဲလိုက်ခဲ့လက်တွေ့ပြမယ်
ဆိုပြီး ရီစရာပျက်လုံးထုတ်သွားခဲ့ပါတယ်။
လူငယ်တွေရဲ့
လက်ရှိအခြေအနေအကြောင်းကတော့ လူငယ်အားလုံးကျန်းမာစွာရှိကြပေမဲ့ သူတို့ရဲ့မိသားစုတွေကိုတော့
မှန်လုံခန်းအပြင်မှသာတွေ့ခွင့်ရကြပါတယ်။ လူငယ်တွေကျန်းမာရေးအတွက် တာဝန်ရှိသူတွေက အနီးကပ်
ပြုစုစောင့်ရှောက်နေပြီး ဆေးရုံမှာ ရက်ပေါင်း ၇၀ ခန့်ထားရှိမည်ဖြစ်ပြီး အိမ်ပြန်လွှတ်ပြီး
ရက် ၃၀ ခန့်လဲ့ အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းတို့ကိုလည်းသိရှိရပါတယ်။
မယ်ဆိုင်ဂူကိုတော့
ယနေ့မနက်ပိုင်း ၁၀ နာရီခန့်က ပိတ်လိုက်ပြီး အပြင်လူများမဝင်နိုင်ရန် အစောင့်အရှောက်များချထားလိုက်ပြီးဖြစ်ကြောင်းတို့ကို
ဇူလိုင် ၁၁ ရက်နေ့ ထိုင်းသတင်းစာရှင်းလင်းပွဲမှသိရှိရပါတယ်။
လေးစားစွာဖြင့်၊
အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊
သြစတြေးလျှ Naing Myanmar/Australia
ဖြစ်ရပ်မှန်
သတင်းများ True News
No comments:
Post a Comment