Thursday, July 12, 2018

ထမ့္လြန္ဂူအေၾကာင္းျဖစ္ရပ္မွန္႐ုပ္ရွင္႐ိုက္ၿပီး ဂူကိုလည္း ျပတိုက္အျဖစ္ေျပာင္းလဲမယ္



ကယ်ဆယ်ရေးသမားတွေရှာတွေ့ခဲ့တဲ့ တောဝက်ဘောလုံး အသင်းသားတွေနဲ့သူတို့ရဲ့နည်းပြ

ကယ္ဆယ္ေရးသမားေတြရွာေတြ့ခဲ့တဲ့ ေတာဝက္ေဘာလံုး အသင္းသားေတြနဲ့သူတို့ရဲ့နည္းျပ


ထမ့္လြန္ဂူအေၾကာင္းျဖစ္ရပ္မွန္႐ုပ္ရွင္႐ိုက္ၿပီး ဂူကိုလည္း ျပတိုက္အျဖစ္ေျပာင္းလဲမယ္

ထိုင္းေတာဝက္ေဘာလုံးအသင္းသား ၁၂ဦးနဲ႔ သူတို႔ရဲ႕နည္းျပျဖစ္သူတို႔ ႏွစ္ပတ္ေက်ာ္ၾကာပိတ္မိခဲ့တဲ့ ထိုင္းႏိုင္ငံေျမာက္ပိုင္းက မယ္ဆိုင္ထမ့္လြန္ဂူကိုျပတိုက္ အျဖစ္ ျပသဖို႔ ျပင္ဆင္ေနပါတယ္။

ကယ္ဆယ္ေရးေတြကို ဘယ္လိုလုပ္ခဲ့ရတယ္ဆိုတဲ့အပိုင္းေတြကို ျပသသြားမွာျဖစ္ၿပီး ဒီဂူဟာ ထိုင္းႏိုင္ငံ အတြက္ စိတ္ဝင္စားစရာေနရာတခု ျဖစ္လာလိမ့္မယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕က တရားဝင္ေျပာၾကားခဲ့ ပါတယ္။

ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့တဲ့ အေၾကာင္းကို ျဖစ္ရပ္မွန္ဇာတ္လမ္းအျဖစ္ ပုံေဖာ္႐ိုက္ကူးဖို႔ လုပ္ေနတဲ့ ကုမၸဏီေတြကလည္း အနည္းဆုံး ၂ခုရွိေနတာပါ။

ပိတ္မိခဲ့တဲ့ ကေလးငယ္အားလုံးဟာ အခုအခါမွာေတာ့ ေဆး႐ုံမွာ ရွိေနၿပီး က်န္းမာေရးကလည္း ေကာင္းမြန္ လာၿပီျဖစ္ပါတယ္။

စိတ္ေရာကိုယ္ပါက်န္းမာေနၿပီဆိုတာ ထိုင္းအစိုးရကတရားဝင္ထုတ္ျပန္ခဲ့တဲ့ ႐ုပ္သံဗီဒီယိုထဲမွာ ျမင္ေတြ႕ႏိုင္ ေပမယ့္ အနည္းဆုံး သီတင္းတပတ္ေလာက္ၾကာေအာင္ေတာ့ အထူးကုသေရးအခန္းထဲမွာ ေနထိုင္ရဦး မွာပါ။

ထိုင္းေတာ္ဝင္ေရတပ္အထူးအဖြဲ႕က ထုတ္ျပန္ခဲ့တဲ့ ကယ္ဆယ္ေရးေတြလုပ္ခဲ့တဲ့႐ုပ္သံေတြထဲမွာ ေရငုပ္ သမားေတြရဲ႕ ကြၽမ္းက်င္မႈကို ျမင္ေတြ႕ရၿပီး ေတာဝက္အသင္းသားေတြဆီသြားတဲ့ လမ္းေၾကာင္းတေလွ်ာက္ ဘယ္ေလာက္အႏၲရာယ္မ်ားတယ္ဆိုတာကလည္းျမင္သာလွပါတယ္။

တောဝက်ဘောလုံးသင်းသားတွေနဲ့သူတို့နည်းပြရှိရာဆီ ခက်ခက်ခဲခဲသွားရတဲ့အခြေအနေ

ေတာဝက္ေဘာလံုးသင္းသားေတြနဲ့သူတို့နည္းျပရွိရာဆီ ခက္ခက္ခဲခဲသြားရတဲ့အေျခအေန


လြန္ဂူဟာ ထိုင္းႏိုင္ငံမွာရွိတဲ့ အႀကီးဆုံးလႈိင္ဂူေတြထဲကတခုျဖစ္ၿပီး ဒီဂူဟာထိုင္းျမန္မာနယ္စပ္က ခ်င္း႐ိုင္း ခ႐ိုင္အတြင္းက မယ္ဆိုင္ၿမိဳ႕ေလးနားမွာရွိတဲ့ေတာင္တန္းေတြေအာက္မွာတည္ရွိတာ ျဖစ္ပါတယ္။

အဲဒီေဒသဟာ ဖြံ႕ၿဖိဳးမႈနည္းၿပီး ခရီးသြားလုပ္ငန္းအတြက္ ဝန္ေဆာင္မႈေပးႏိုင္တဲ့အေဆာက္အအုံေတြ ေလာေလာဆယ္မွာေတာ့ မရွိသေလာက္ပါပဲ။

ဒီေနရာဟာ သက္ဝင္လႈပ္ရွားလာမယ့္ျပတိုက္တခုျဖစ္လာမွာျဖစ္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဘယ္လို လုပ္ေဆာင္ခဲ့ရတယ္ဆိုတာကို ျပသထားမွာျဖစ္တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ရဲ႕အႀကီးအကဲ ခ်င္း႐ိုင္ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းျဖစ္တဲ့ နာ႐ုန္ဆက္ အိုေဆာ့ သနက္ခြန္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

အခ်က္အလက္ေတြအားလုံးကို စုၿပီးတည္ေဆာက္သြားမယ္၊ ဒါေတြက ထိုင္းႏိုင္ငံအတြက္ အဓိက ဆြဲေဆာင္မႈတခုျဖစ္လာေစမွာပါ။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္က ေတာ့ ခရီးသြားဧည့္ေတြ အတြက္ ဂူအတြင္းေရာ အျပင္မွာလုံၿခဳံစိတ္ခ်ရေစဖို႔ ကိရိယာေတြကို ႀကိဳတင္ကာကြယ္မႈအေနနဲ႔လုပ္ေဆာင္ထားမွာျဖစ္တယ္လို႔ဆိုပါတယ္။

ထိုင္းႏိုင္ငံဟာ ဇြန္လ ကေန ေအာက္တိုဘာလအထိ မုတ္သုန္ရာသီမွာ အႀကီးအက်ယ္ ေရႀကီးေလ့ရွိတာေၾကာင့္ ကယ္ဆယ္ေရးလုပ္ေဆာင္ခ်က္ေတြကို ျပသသြားမယ့္ ဒီျပတိုက္ဟာ တႏွစ္ ပတ္လုံး ဖြင့္လွစ္ထားမွာလားဆိုတာေတာ့ တိတိက်က်မသိရေသးပါဘူး။

ေကာင္ေလးေတြဟာ မိုးရာသီမွာ ေလ့လာေရးခရီးထြက္ရင္း ဂူအနက္ပိုင္းထဲမွာ မေတာ္တဆပိတ္မိ သြားခဲ့တာျဖစ္ပါတယ္။

ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာက ရေငုပ်ကျွမ်းကျင်သူတွေ

ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့တဲ့ နိုင္ငံတကာက ေရငုပ္ကြ်မ္းက်င္သူေတြ


ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့တဲ့ မယုံၾကည္ႏိုင္ဖြယ္ျဖစ္ရပ္မွန္ဒီဇာတ္လမ္းကို ႐ုပ္ရွင္တခုအေနနဲ႔ ဖန္တီး ဖို႔အတြက္ ႐ုပ္ရွင္ကုမၸဏီ ၂ ခုကအၿပိဳင္အဆိုင္လုပ္ေနၿပီျဖစ္ပါတယ္။

ေတာဝက္ေဘာလုံးအသင္းသားေတြနဲ႔သူတို႔ရဲ႕နည္းျပေတြ အျပင္ျပန္မေရာက္ခင္ကတည္းက အေမရိကန္ စတူဒီယိုတခုျဖစ္တဲ့ Pure Flix ကေတာ့ သူရဲ႕႐ုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႕ေတြက အဲဒီေနရာကိုေရာက္ရွိေနၿပီး ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူေတြနဲ႔ ေတြ႕ဆုံေမးျမန္းတာေတြ ကိုေတာင္လုပ္ေဆာင္ေနၿပီလို႔ ေၾကညာထားပါတယ္။

ေလာ့စ္အိန္ဂ်လိစ္ အေျခစိုက္ အိုင္ဗန္ဟိုး႐ုပ္ရွင္ကုမၸဏီကေတာ့ ထိုင္းအာဏာပိုင္နဲ႔ ေရတပ္က ဒီ႐ုပ္ရွင္ကို ႐ိုက္ဖို႔ သူတို႔ကို ေ႐ြးခ်ယ္ထားၿပီးၿပီလို႔ ဆိုပါတယ္။

Credit: BBC Burmese https://www.bbc.com/burmese/world-44803690

Unicode
ထမ့်လွန်ဂူအကြောင်းဖြစ်ရပ်မှန်ရုပ်ရှင်ရိုက်ပြီး ဂူကိုလည်း ပြတိုက်အဖြစ်ပြောင်းလဲမယ်

ထိုင်းတောဝက်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့နည်းပြဖြစ်သူတို့ နှစ်ပတ်ကျော်ကြာပိတ်မိခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက မယ်ဆိုင်ထမ့်လွန်ဂူကိုပြတိုက် အဖြစ် ပြသဖို့ ပြင်ဆင်နေပါတယ်။

ကယ်ဆယ်ရေးတွေကို ဘယ်လိုလုပ်ခဲ့ရတယ် ဆိုတဲ့အပိုင်းတွေကို ပြသသွားမှာဖြစ်ပြီး ဒီဂူဟာ ထိုင်းနိုင်ငံ အတွက် စိတ်ဝင်စားစရာနေရာတခု ဖြစ်လာလိမ့်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့က တရားဝင်ပြောကြားခဲ့ ပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် ပုံဖော်ရိုက်ကူးဖို့ လုပ်နေတဲ့ ကုမ္ပဏီတွေကလည်း အနည်းဆုံး ၂ ခုရှိနေတာပါ။

ပိတ်မိခဲ့တဲ့ ကလေးငယ်အားလုံးဟာ အခုအခါမှာတော့ ဆေးရုံမှာ ရှိနေပြီး ကျန်းမာရေးကလည်း ကောင်းမွန် လာပြီဖြစ်ပါတယ်။

စိတ်ရောကိုယ်ပါကျန်းမာနေပြီဆိုတာ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဗီဒီယိုထဲမှာ မြင်တွေ့နိုင် ပေမယ့် အနည်းဆုံး သီတင်းတပတ်လောက်ကြာအောင်တော့ အထူးကုသရေးအခန်းထဲမှာ နေထိုင်ရဦး မှာပါ။

ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကယ်ဆယ်ရေးတွေလုပ်ခဲ့တဲ့ ရုပ်သံတွေထဲမှာ ရေငုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို မြင်တွေ့ရပြီး တောဝက်အသင်းသားတွေဆီ သွားတဲ့ လမ်းကြောင်းတလျှောက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကလည်း မြင်သာလှပါတယ်။

ထမ့်လွန်ဂူဟာ ထိုင်းနိုင်ငံမှာရှိတဲ့ အကြီးဆုံးလိုဏ်ဂူတွေထဲကတခုဖြစ်ပြီး ဒီဂူဟာထိုင်းမြန်မာနယ်စပ်က ချင်းရိုင် ခရိုင်အတွင်းက မယ်ဆိုင်မြို့လေးနားမှာရှိတဲ့ တောင်တန်းတွေအောက်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီဒေသဟာ ဖွံ့ဖြိုးမှုနည်းပြီး ခရီးသွားလုပ်ငန်းအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ အဆောက်အအုံတွေ လောလောဆယ်မှာတော့ မရှိသလောက်ပါပဲ။

ဒီနေရာဟာ သက်ဝင်လှုပ်ရှားလာမယ့် ပြတိုက်တခုဖြစ်လာမှာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင်ခဲ့ရတယ် ဆိုတာကို ပြသထားမှာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့အကြီးအကဲ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ နာရုန်ဆက် အိုဆော့ သနက်ခွန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အချက်အလက်တွေအားလုံးကို စုပြီးတည်ဆောက်သွားမယ်၊ ဒါတွေက ထိုင်းနိုင်ငံအတွက် အဓိက ဆွဲဆောင်မှုတခု ဖြစ်လာစေမှာပါ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က တော့ ခရီးသွားဧည့်တွေအတွက် ဂူအတွင်းရော အပြင်မှာ လုံခြုံစိတ်ချရစေဖို့ ကိရိယာတွေကို ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်ဆောင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဇွန်လ ကနေ အောက်တိုဘာလအထိ မုတ်သုန်ရာသီမှာ အကြီးအကျယ် ရေကြီးလေ့ရှိတာကြောင့် ကယ်ဆယ်ရေး လုပ်ဆောင်ချက်တွေကို ပြသသွားမယ့် ဒီပြတိုက်ဟာ တနှစ် ပတ်လုံး ဖွင့်လှစ်ထားမှာလား ဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။

ကလေးတွေ မိုးရာသီမှာ လေ့လာရေးခရီးထွက်ရင်း ဂူအနက်ပိုင်းထဲမှာ မတော်တဆ ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မယုံကြည်နိုင်ဖွယ် ဖြစ်ရပ်မှန်ဒီဇာတ်လမ်းကို ရုပ်ရှင်အနေနဲ့ ဖန်တီးဖို့အတွက် ရုပ်ရှင်ကုမ္ပဏီ ၂ ခုကအပြိုင်အဆိုင်လုပ်နေပြီ ဖြစ်ပါတယ်။

တောဝက်ဘောလုံးအသင်းသားတွေနဲ့သူတို့ရဲ့နည်းပြတွေ အပြင်ပြန်မရောက်ခင်ကတည်းက အမေရိကန် စတူဒီယိုတခုဖြစ်တဲ့ Pure Flix ကတော့ သူရဲ့ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွေက အဲဒီနေရာကိုရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေကို လုပ်ဆောင်နေပြီလို့ ကြေညာထားပါတယ်။

လော့စ်အိန်ဂျလိစ် အခြေစိုက် အိုင်ဗန်ဟိုးရုပ်ရှင်ကုမ္ပဏီကတော့ ထိုင်းအာဏာပိုင်နဲ့ ရေတပ်က ဒီရုပ်ရှင်ကို ရိုက်ဖို့ သူတို့ကို ရွေးချယ်ထားပြီးပြီလို့ ဆိုပါတယ်။

Credit: BBC Burmese https://www.bbc.com/burmese/world-44803690

No comments:

Post a Comment