ေရေဘးသင့္
ျပည္သူမ်ားအား ကူညီကယ္ဆယ္စဥ္ ေရစီးႏွင့္အတူ ေမ်ာပါသြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ စစ္သည္
၁ ဦး၏ ႐ုပ္အေလာင္းအား ျပန္လည္ေတြ႕ရွိ
ဇူလုိင္
၃၀၊၂၀၁၈
ဘီးလင္းၿမဳိ႕နယ္အတြင္း
ေရေဘးသင့္ေဒသခံျပည္သူမ်ားအား ကူညီကယ္ဆယ္စဥ္ ေရစီးႏွင့္အတူ ေမ်ာပါသြားခဲ့သည့္ စစ္သည္
၃ ဦးအနက္ စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ့ျပီး က်န္စစ္သည္
၂ ဦးအား ဆက္လက္ရွာေဖြေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ေဖ့စ္ဘုတ္မွ သတင္းထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။
မြန္ျပည္နယ္၊
ဘီးလင္းၿမိဳ႕နယ္အတြင္း ဇူလုိင္ ၂၅ ရက္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ နယ္ေျမခံတပ္မေတာ္သားမ်ားက
ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ေဒသခံကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ ပူးေပါင္း၍
ေရေဘးကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိစဥ္ ဇူလုိင္ ၂၇ ရက္ မြန္းလြဲပိုင္းတြင္
ေရစီးႏွင့္အတူ ေမ်ာပါေပ်ာက္ဆုံး သြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား
ယေန႔ ေန႔လယ္ပုိင္းတြင္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရွိရသည္ဟု
ဆက္လက္ေဖၚျပထားပါတယ္။
ျဖစ္စဥ္ကုိ
ေအာက္ပါအတုိင္းရွင္းလင္းတင္ျပထားပါတယ္။
အဆိုပါျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔
နယ္ေျမခံတပ္မေတာ္သားမ်ား၊ ဌာနဆိုင္ရာ တာ၀န္ရွိသူမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ေဒသခံကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္
ေရကူး ကြၽမ္းက်င္သူမ်ား ပူးေပါင္း၍ အဆိုပါစစ္သည္ ၃ ဦးေမ်ာပါရာေရစီးေၾကာင္းတစ္ေလွ်ာက္၌
ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိရာ ယေန႔ေန႔လယ္ ၁၁ နာရီ ၄၀ မိနစ္ခန္႔တြင္
မေစာတံတား၏ ေတာင္ဘက္မီတာ ၅၀၀ ခန္႔အကြာ ေနရာရွိေရေအာက္ခ်ံဳႏြယ္မ်ားအတြင္း ၿငိတြယ္လ်က္
ရွိေသာ စစ္သည္တစ္ဦး၏ ႐ုပ္အေလာင္းအား ရွာေဖြေတြ႕ရွိခဲ့ၿပီး က်န္စစ္သည္ ၂ ဦးအား ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း
သတင္း ရရွိသည္ဟု ဆုိပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ေဖ့စ္ဘုတ္
Unicode
ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်စဉ်
ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ
ဇူလိုင် ၃၀၊၂၀၁၈
ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံပြည်သူများအား
ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား
ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဖေ့စ်ဘုတ်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း
ဇူလိုင် ၂၅ ရက် ရေကြီးရေလျှံမှုများကြောင့် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး
သွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း
သိရှိရသည်ဟု ဆက်လက်ဖေါ်ပြထားပါတယ်။
ဖြစ်စဉ်ကို အောက်ပါအတိုင်းရှင်းလင်းတင်ပြထားပါတယ်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ရေကူး
ကျွမ်းကျင်သူများ ပူးပေါင်း၍ အဆိုပါစစ်သည် ၃ ဦးမျောပါရာရေစီးကြောင်းတစ်လျှောက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက်မီတာ
၅၀ဝ ခန့်အကွာ နေရာရှိရေအောက်ချုံနွယ်များအတွင်း ငြိတွယ်လျက် ရှိသော စစ်သည်တစ်ဦး၏ ရုပ်အလောင်းအား
ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်း ရရှိသည်ဟု
ဆိုပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဖေ့စ်ဘုတ်
No comments:
Post a Comment