Tuesday, July 10, 2018

ဦးရဲလြင္ (မဇၥ်ိမလႈိင္း) ကြယ္လြန္



Image: Ye Lwin

ဦးရဲလြင္ (မဇၥ်ိမလႈိင္း) ကြယ္လြန္

ဇူလုိင္ ၁၀၊ ၂၀၁၈

ဦးရဲလြင္(မဇၥ်ိမလႈိင္း) သည္ အသဲေရာဂါျဖင့္ ရန္ကုန္ေဆးရံုသစ္ႀကီး ကုတင္ငါးရာကု ေဆးရံုတြင္ ယေန႔ ဇူလိုင္ ၁၀ ရက္ ညေန ၄ နာရီ ၁၀မိနစ္တြင္ ကြယ္လြန္ခဲ့ေၾကာင္း သတင္းရရွိပါတယ္။ ဇြန္လ ၅ ရက္ေန႕မွ စတင္ျပီး ေဆးရုံမွာတက္ေရာက္ေဆးကုသမႈ ခံယူခဲ့တာျဖစ္ပါတယ္။

ေတးေရး ၊ ေတးဆို ၊ ေဘစ္႔ဂီတ ပညာရွင္ ကိုရဲလြင္ (မဇၥၽိမလႈိင္း) ကို ေပါင္းတည္ၿမိဳ႕တြင္ေမြးဖြားခဲ့ျပီး ဖခင္ျဖစ္သူ ဦးေမာင္ေမာင္(စက္ရွင္တရားသူႀကီး) နွင့္ မိခင္ျဖစ္သူ ေဒၚႀကိဳင္တို႔မွေမြးဖြားခဲ့တဲ့ ေမြးခ်င္းေမာင္ႏွမ ၁၀ ေယာက္တြင္ သူက ရွစ္ေယာက္ေျမာက္သားျဖစ္ပါတယ္။

ငယ္စဥ္ကတည္းက ခရိယာန္ဘုရားရွိခိုးေက်ာင္းတြင္ သီခ်င္းမ်ား သီဆိုျခင္း၊ ခရစၥမတ္ကာလမ်ားတြင္ ဖိတ္ၾကားထားေသာ အိမ္မ်ားသို႔ သီခ်င္းမ်ား လွည့္လည္ သီဆိုခဲ့ျခင္းတို႔ေၾကာင့္ ဂီတကို ခ်စ္ျမတ္ႏိုးေသာ စိတ္ သေႏၶတည္သူ ျဖစ္ခဲ့ပတယ္။ ဆယ္တန္းေအာင္ ျပီးေနာက္ ရန္ကုန္စက္မႈတကၠသိုလ္ RIT တြင္ Electronic အထူးျပဳ ဘာသာရပ္ျဖင့္ တက္ေရာက္ခဲ့သူျဖစ္ပါတယ္၊ တကၠသိုလ္ တက္ေနဆဲ အခ်ိန္အတြင္းမွာဘဲ့ E.Machine တီးဝိုင္းတြင္ Bass ဂစ္တာသမားအျဖစ္ ပါဝင္ တီးခတ္ခဲ့သူျဖစ္ပါတယ္။

RIT စက္မွဳ တကၠသုိလ္ တြင္ ေက်ာင္းတက္ေနစဥ္ ေနာင္တစ္ခ်ိန္ မဇၩိမလိႈင္း အဖြဲ႕သားမ်ား ျဖစ္လာမည့္ ေတးသံရွင္ ခင္ေမာင္တိုး၊ေတးေရး ေမာင္ေမာင္တို႔ႏွင့္ ေတြ့ဆုံ သိကြၽမ္းခဲ့ရသူျဖစ္ပါတယ္။

၁၉၈၂ ခုနွစ္မွာ ဦးေမာင္ေမာင္ (အဥၥလီ) ဦးရဲလြင္ (ေဘစ့္) တို႔ဟာ မဇိၩမလိႈင္း ဆိုတဲ့ ဂီတသင္တန္းကို မႏၲေလး မွာစတင္ဖြင့္လွစ္ခဲ့ၾကပါျပီး ၁၉၈၄ ခုနွစ္မွာေတာ့ မဇိၩမလိႈင္း အျဖစ္စတင္ဖြဲ႕စည္းခဲ့ပါတယ္။ လြတ္လပ္ၿငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတေဖ်ာ္ေျဖေရး အဖြဲ႕ကို ၂၀၁၂ ခုႏွစ္ ေမလတြင္ ၎ ကုိယ္တုိငပါဝင္ျပီး သားေထြး၊ ကိုတိုးလြင္ (ဥတၱရအလင္း) တို႔ႏွင့္ စုေပါင္း၍ ဖြဲ႕စည္းခဲ့ပတယ္၊

လြတ္လပ္ၿငိမ္းခ်မ္း ပန္းရဲ႕လမ္းအဖြဲ့ အေနျဖင့္ ဂီတျဖင့္ အလွဴေငြေကာက္ခံၿပီး ကခ်င္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ျပည္သူမ်ားကို အကူအညီ ေပးႏိုင္ရန္အတြက္ ဖြဲ့စည္းခဲ့တာျဖစ္ပါတယ္။

ဒုကၡသည္မ်ားအတြက္ သူတတ္ကြၽမ္းေသာ ဂီတအႏုပညာျဖင့္ တစ္ဖက္ တစ္လမ္းမွ ကူညီေပးခဲ့သည့္အတြက္ ျပည္ပေရာက္ ျမန္မာတိုင္းရင္းသား မိသားစုမ်ားက ဂုဏ္ျပဳေပးအပ္သည့္ ၂၀၁၃ ခုႏွစ္အတြက္ စတုတၳအႀကိမ္ေျမာက္ ျပည္သူ႔ဂုဏ္ရည္ဆုမ်ားေပးအပ္ပြဲတြင္ ျပည္သူ႔ဂုဏ္ရည္ အထူးဆုကို ရရွိခဲ့ျပီး 7DAY HERO ဆုရွင္တစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

ေလးစားစြာျဖင့္၊ အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia

Unicode
ဦးရဲလွင် (မဇ္ဈိမလှိုင်း) ကွယ်လွန်

ဦးရဲလွင်(မဇ္ဈိမလှိုင်း) သည် အသဲရောဂါဖြင့် ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်ငါးရာကု ဆေးရုံတွင် ယနေ့ ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၁၀မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ဇွန်လ ၅ ရက်နေ့မှ စတင်ပြီး ဆေးရုံမှာတက်ရောက်ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။

တေးရေး ၊ တေးဆို ၊ ဘေစ့်ဂီတ ပညာရှင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ကို ပေါင်းတည်မြို့တွင်မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးမောင်မောင်(စက်ရှင်တရားသူကြီး) နှင့် မိခင်ဖြစ်သူ ဒေါ်ကြိုင်တို့မှမွေးဖွားခဲ့တဲ့ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် သူက ရှစ်ယောက်မြောက်သားဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ခရိယာန်ဘုရားရှိခိုးကျောင်းတွင် သီချင်းများ သီဆိုခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည် သီဆိုခဲ့ခြင်းတို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ် သန္ဓေတည်သူ ဖြစ်ခဲ့ပတယ်။ ဆယ်တန်းအောင် ပြီးနောက် ရန်ကုန်စက်မှုတက္ကသိုလ် RIT တွင် Electronic အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေဆဲ အချိန်အတွင်းမှာဘဲ့ E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် ပါဝင် တီးခတ်ခဲ့သူဖြစ်ပါတယ်။

RIT စက်မှု တက္ကသိုလ် တွင် ကျောင်းတက်နေစဉ် နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊တေးရေး မောင်မောင်တို့နှင့် တွေ့ဆုံ သိကျွမ်းခဲ့ရသူဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်မှာ ဦးမောင်မောင် (အဉ္စလီ) ဦးရဲလွင် (ဘေစ့်) တို့ဟာ မဇ္ဈိမလှိုင်း ဆိုတဲ့ ဂီတသင်တန်းကို မန္တလေး မှာစတင်ဖွင့်လှစ်ခဲ့ကြပါပြီး ၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်း အဖြစ်စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလတွင် ၎င်း ကိုယ်တိုင်ပါဝင်ပြီး သားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) တို့နှင့် စုပေါင်း၍ ဖွဲ့စည်းခဲ့ပတယ်၊

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ အနေဖြင့် ဂီတဖြင့် အလှူငွေကောက်ခံပြီး ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒုက္ခရောက်နေကြသော ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့သည့်အတွက် ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပြီး 7DAY HERO ဆုရှင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်

နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia

No comments:

Post a Comment