၂၃၀၀၀၀
ဗို့ စစ္ေတာင္း-သထံု မဟာဓာတ္အားလိုင္း ေရေဘးအႏၱရယ္ေၾကာင့္ ပ်က္ဆီးနဳိင္
ဇူလုိင္
၂၉၊ ၂၀၁၈
၂၃၀၀၀၀
ဗို့ စစ္ေတာင္း-သထံု မဟာဓာတ္အားလိုင္း ဓါတ္အား ပုိ့ေဆာင္ေရစင္ (Transposition
tower) ပါ၊ ပံုကေတာ့ မေန့က (ဇူလုိင္ ၂၇
ရက္ဟုယူဆရ) ပံုပါ၊ ေရကေတာ့ တန့္ေနျပီ လို့ ေျပာဆိုသူ ရွိပါတယ္။
အရာရာတုိင္းဟာ
ေသေရးရွင္ေရး အတိမ္းအေစာင္းမခံေသာ (Anything is critical) အေျခအေနပါပဲ။
ေရၾကီးေရလွ်ံ
(Flood) တာ ျဖစ္တဲ့အတြက္ ေျမျပင္ကင္းလြတ္ အကြာအေဝးက (၁၀) ေပ ေလာက္ ေလ်ာ့ေနပါတယ္။
ေလွျဖင့္ သြားလာသူမ်ားအတြက္ အႏၲရာယ္ ျကီးပါတယ္၊ သစ္ပင္သစ္ကိုင္းမ်ား ေမ်ာလာရင္လည္း
လိုင္းေအာက္ေရာက္တဲ့အခ်ိန္မွာ စက္ကြင္းထဲ ဝင္ျပီး၊ ဓါတ္အားလုိင္းမ်ား
ပ်က္ဆီးျပီး ခြ်တ္ယြင္း (Line Fault) တာ ျဖစ္ႏိုင္ပါတယ္။
Line
Fault ျဖစ္ရင္ သထံု၊ ေမာ္လျမိုင္ရွိ ဓာတ္အားေပးစက္မ်ား ထုတ္လုပ္မႈ
ရုတ္ခ်ည္း ရပ္သြားမယ္၊ စစ္ေတာင္းမွအပ မြန္၊ ကရင္ ျပည္နယ္မ်ား မီးေသမယ္။ Load
thrown out လို့ ေခၚပါတယ္၊ အခ်ိန္မီ
မထိန္းႏိုင္ရင္ မီးပ်က္ျပီး အေမွာင္ၾက (system black out) တာမျဖစ္ဘူးလို့
တစ္ထစ္ခ် မေျပာႏိုင္ပါဘူး လုိ့ Moe Hannay Thet ၎၏ Facebook မွာေဖၚျပထားပါတယ္။
ေလးစားစြာျဖင့္-
နွင္းေမာင္
ကုိးကား Reference: Moe
Hannay Thet
Unicode
၂၃၀ဝ၀ဝ ဗို့ စစ်တောင်း-သထုံ မဟာဓာတ်အားလိုင်း
ရေဘေးအန္တရယ်ကြောင့် ပျက်ဆီးနိုင်
ဇူလိုင် ၂၉၊ ၂၀၁၈
၂၃၀ဝ၀ဝ ဗို့ စစ်တောင်း-သထုံ မဟာဓာတ်အားလိုင်း
ဓါတ်အား ပို့ဆောင်ရေစင် (Transposition
tower) ပါ၊ ပုံကတော့ မနေ့က (ဇူလိုင် ၂၇ ရက်ဟုယူဆရ) ပုံပါ၊ ရေကတော့ တန့်နေပြီ
လို့ ပြောဆိုသူ ရှိပါတယ်။
အရာရာတိုင်းဟာ သေရေးရှင်ရေး အတိမ်းအစောင်းမခံသော
(Anything is critical) အခြေအနေပါပဲ။
ရေကြီးရေလျှံ (Flood) တာ ဖြစ်တဲ့အတွက် မြေပြင်ကင်းလွတ်
အကွာအဝေးက (၁၀) ပေ လောက် လျော့နေပါတယ်။ လှေဖြင့် သွားလာသူများအတွက် အန္တရာယ် ကြီးပါတယ်၊
သစ်ပင်သစ်ကိုင်းများ မျောလာရင်လည်း လိုင်းအောက်ရောက်တဲ့အချိန်မှာ စက်ကွင်းထဲ ဝင်ပြီး၊
ဓါတ်အားလိုင်းများ ပျက်ဆီးပြီး ချွတ်ယွင်း (Line Fault) တာ ဖြစ်နိုင်ပါတယ်။
Line Fault ဖြစ်ရင် သထုံ၊ မော်လမြိုင်ရှိ
ဓာတ်အားပေးစက်များ ထုတ်လုပ်မှု ရုတ်ချည်း ရပ်သွားမယ်၊ စစ်တောင်းမှအပ မွန်၊ ကရင် ပြည်နယ်များ
မီးသေမယ်။ Load thrown out လို့ ခေါ်ပါတယ်၊ အချိန်မီ မထိန်းနိုင်ရင်
မီးပျက်ပြီး အမှောင်ကြ (system black out) တာမဖြစ်ဘူးလို့ တစ်ထစ်ချ
မပြောနိုင်ပါဘူး လို့ Moe Hannay Thet ၎င်း၏ Facebook
မှာဖေါ်ပြထားပါတယ်။
လေးစားစွာဖြင့်- နှင်းမောင်
ကိုးကား Reference: Moe Hannay Thet
No comments:
Post a Comment