Wednesday, July 11, 2018

ဂီတစာဆို၊ ဂီတပညာရွင္ ကိုရဲလြင္ႏွင့္ စစ္အာဏာရွင္ဗိုလ္ခ်ဳပ္ႀကီးေနဝင္းတို႔ ထိပ္တိုက္ေတြ႔ၾကစဥ္က



Ko Ye Lwin at Medium Wave in New York City.

ဂီတစာဆို၊ ဂီတပညာရွင္ ကိုရဲလြင္ႏွင့္ စစ္အာဏာရွင္ဗိုလ္ခ်ဳပ္ႀကီးေနဝင္းတို႔ ထိပ္တိုက္ေတြ႔ၾကစဥ္က

အဲဒီတုန္းက ဟိုတယ္ခန္းမထဲကလူေတြ ဟိုေၿပးဒီေၿပးနဲ ့ရုန္းရင္းဆန္ခတ္ၿဖစ္ကုန္တာ စင္ေပၚမွာတီးေနတဲ ့သူေတြလည္း အကုန္ေအာက္ဆင္းေၿပးကုန္တယ္ကၽြန္ေတာ္ကေတာ ့မေၿပးဘူး ဂစ္တာလြယ္ၾကဳိးကိုျဖဳတ္ျပီး လက္မွာအသင္ ့ကိုင္ထားလိုက္တယ္

စင္ေပၚကိုအရပ္ေထာင္ေထာင္ေမာင္းေမာင္းနဲ ့လူတေယာက္ခုန္တက္လာတယ္ သူကညဝတ္အက်ီၤနဲ ့ေဘာင္းဘီတိုဝတ္ထားတယ္ခါးမွာေသနတ္တလက္ထိုးထားတယ္
ေဘ့စ္ေဘာရိုက္တန္လိုမ်ိဳးတုတ္တေခ်ာင္းလဲ ကိုင္ထားတာေတြ ့တယ္သူနဲ ့ကၽြန္ေတာ္ကအရပ္အေမာင္းမကြာဘူးဗ်

စင္ေပၚမွာေအာက္ဆင္းမေၿပးပဲ ဂစ္တာကိုင္ၿပီးရပ္ေနတဲ ့ကၽြန္ေတာ္ ့ကိုသူ စူးစူးရဲရဲစိုက္ၾကည္ ့တယ္
ကၽြန္ေတာ္ကလည္းၿပန္စိုက္ၾကည္ ့လိုက္တယ္လက္ထဲမွာဂစ္တာကိုခတ္တင္းတင္းဆုပ္ထားၿပီး
သူလာရိုက္ရင္ဂစ္တာနဲ ့ၿပန္ရိုက္မလို ့အသင္ ့ေစာင္ ့ေနတာပါဒါကိုသူသတိထားမိတယ္ထင္တယ္
ကၽြန္ေတာ္ ့ကိုမ်က္နွာလႊဲၿပီး စင္ေပၚမွာက်န္ခဲ ့တဲ ့ကီးဘုတ္၊ဒရမ္နဲ ့ဂစ္တာေတြ၊မိုက္ခြက္ေတြကိုေဒါသတၾကီး
ရိုက္ခ်ိဳးေတာ ့တာပဲ၊ ပါးစပ္ကလဲအယုတၱအနတၱမ်ိဳးစုံဆဲရင္းရိုက္ခ်ိဳးတာ၊ ကၽြန္ေတာ္ ရပ္ေနတဲ ့ဘက္ကို
သူလုံးဝလွည္ ့မၾကည္ ့ေတာ ့ဘူးသိတ္မၾကာဘူး စင္ေပၚကိုသူ ့သက္ေတာ္ေစာင္ ့စစ္သားေတြ
ေၿပးတက္လာၿပီးကၽြန္ေတာ္ ့ကိုအတင္းဝိုင္းခ်ဳပ္ၿပီး ေအာက္ကိုဆြဲခ်ေခၚသြားတာပါပဲ

အဲဒီအခိုက္အတန္ ့ေလးကခဏေလးအတြင္းၿဖစ္သြားတာပါ
ကၽြန္ေတာ္ေက်နပ္တယ္
သူ ့ကိုလူတိုင္းဖိန္ ့ဖိန္ ့တုန္ေအာင္ေၾကာက္ေန၇တဲ ့အခ်ိန္မွာ ကၽြန္ေတာ္ကသူ ့ကိုမေၾကာက္ဖူးဆိုတာ
မ်က္နွာခ်င္းဆိုင္ၿပခဲ ့ရလို ့ေက်နပ္တာမ်ိဳးပါ။

(၂၀၁၆ ႏိုဝင္ဘာမွာ ကိုရဲနဲ ့သီးသန္ ့အင္တာဗ်ဴးလုပ္တုန္းက မဆလေခတ္အင္းလ်ားလိတ္ဟိုတယ္ပါတီပြဲတခုမွာ အာဏာရွင္ၾကီးဦးေနဝင္းနဲ ့သူရင္ဆိုင္တိုးခဲ ့ရတဲ ့
အၿဖစ္အပ်က္ကိုၿပန္ေၿပာၿပခဲ ့တာပါ၊ ကၽြန္ေတာ္တို ့အားလုံးခ်စ္ခင္ေလးစားရတဲ ့ကိုရဲ
ၿမက္ခင္းစိမ္းနဲ ့တဲငယ္ေလး၇ွိတဲ ့ဘုံဘဝတခုမွာ ၿငိမ္းခ်မ္းစြာနားစက္ႏိုင္ပါေစေတာ ့)

Respectfully Full Credit Given to U Yu Khin
Image Credit art@apt.

ဂီတစာဆို၊ ဂီတပညာရှင် ကိုရဲလွင်နှင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း တို့ ထိပ်တိုက်တွေ့ကြစဉ်က

အဲဒီတုန်းက ဟိုတယ်ခန်းမထဲကလူတွေ ဟိုပြေးဒီပြေးနဲ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာ စင်ပေါ်မှာတီးနေတဲ့ သူတွေလည်း အကုန်အောက်ဆင်းပြေးကုန်တယ်၊ ကျွန်တော်ကတော့မပြေးဘူး ဂစ်တာလွယ်ကြိုးကိုဖြုတ်ပြီး လက်မှာအသင့်ကိုင်ထားလိုက်တယ်၊

စင်ပေါ်ကိုအရပ်ထောင်ထောင်မောင်းမောင်းနဲ့လူတယောက်ခုန်တက်လာတယ်၊ သူကညဝတ်အင်္ကျီနဲ့ ဘောင်းဘီတိုဝတ်ထားတယ်၊ ခါးမှာသေနတ်တလက်ထိုးထားတယ်
ဘေ့စ်ဘောရိုက်တန်လိုမျိုးတုတ်တချောင်းလဲ ကိုင်ထားတာတွေ့တယ်၊ သူနဲ့ကျွန်တော်ကအရပ်အမောင်းမကွာဘူးဗျ

စင်ပေါ်မှာအောက်ဆင်းမပြေးပဲ ဂစ်တာကိုင်ပြီးရပ်နေတဲ့ကျွန်တော်ကိုသူ စူးစူးရဲရဲစိုက်ကြည့်တယ်
ကျွန်တော်ကလည်းပြန်စိုက်ကြည့်လိုက်တယ်၊ လက်ထဲမှာဂစ်တာကိုခတ်တင်းတင်းဆုပ်ထားပြီး
သူလာရိုက်ရင်ဂစ်တာနဲ့ပြန်ရိုက်မလို့အသင့်စောင့်နေတာပါ၊ ဒါကိုသူသတိထားမိတယ်ထင်တယ်၊
ကျွန်တော့်ကိုမျက်နှာလွှဲပြီး စင်ပေါ်မှာကျန်ခဲ့တဲ့ကီးဘုတ်၊ဒရမ်နဲ့ဂစ်တာတွေ၊မိုက်ခွက်တွေကိုဒေါသတကြီး
ရိုက်ချိုးတော့တာပဲ၊ ပါးစပ်ကလဲအယုတ္တအနတ္တမျိုးစုံဆဲရင်းရိုက်ချိုးတာ၊ ကျွန်တော် ရပ်နေတဲ့ဘက်ကို
သူလုံးဝလှည့်မကြည့်တော့ဘူး၊ သိတ်မကြာဘူး စင်ပေါ်ကိုသူ့သက်တော်စောင့်စစ်သားတွေ
ပြေးတက်လာပြီးကျွန်တော်ကိုအတင်းဝိုင်းချုပ်ပြီး အောက်ကိုဆွဲချခေါ်သွားတာပါပဲ၊

အဲဒီအခိုက်အတန့်လေးကခဏလေးအတွင်းဖြစ်သွားတာပါ
ကျွန်တော်ကျေနပ်တယ်
သူ့ကိုလူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်နေရတဲ့အချိန်မှာ ကျွန်တော်ကသူ့ကိုမကြောက်ဖူးဆိုတာ
မျက်နှာချင်းဆိုင်ပြခဲ့ရလို့ကျေနပ်တာမျိုးပါ။

(၂၀၁၆ နိုဝင်ဘာမှာ ကိုရဲနဲ့သီးသန့်အင်တာဗျူးလုပ်တုန်းက မဆလခေတ်အင်းလျားလိတ်ဟိုတယ်ပါတီပွဲတခုမှာ အာဏာရှင်ကြီးဦးနေဝင်းနဲ့သူရင်ဆိုင်တိုးခဲ့ရတဲ့
အဖြစ်အပျက်ကိုပြန်ပြောပြခဲ့တာပါ၊ ကျွန်တော်တို့အားလုံးချစ်ခင်လေးစားရတဲ့ကိုရဲ
မြက်ခင်းစိမ်းနဲ့တဲငယ်လေးရှိတဲ့ဘုံဘဝတခုမှာ ငြိမ်းချမ်းစွာနားစက်နိုင်ပါစေတော့)

Respectfully Full Credit Given to U Yu Khin
Image Credit art@apt.

No comments:

Post a Comment