Image: ABC News
ဇူလုိင္
၁၀၊ ၂၀၁၈ ဂူအတြင္းပိတ္မိေနေသာ လူငယ္ေတြနဲ့ ပတ္သက္လုိ့ ေနာက္ဆုံးရသတင္း
မယ္ဆုိင္ဂူအတြင္းမွ
စုစုေပါင္း လူငယ္ ၈ ေယာက္ေျမာက္ကို ေခၚထုတ္ထားၿပီး က်န္ရိွသည့္ ၅ ေယာက္ကုိ ကယ္ထုတ္ရန္ တတိယအႀကိမ္ကယ္ဆယ္ေရးအစီအစဥ္အတြက္
လိုအပ္သည့္ျပင္ဆင္မႈမ်ားကုိ ယေန႕မနက္၁၀ ေက်ာ္ခန့္က ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း
သိရပါတယ္၊
ယေန့
ကယ္ဆယ္ေရး တတိယေန့ အဖြဲ႕တြင္ ကၽြမ္းက်င္ေရငုပ္သမားမ်ား ၁၉ ေယာက္၊ အကူအဖြဲ႕ဝင္အင္အား
၁၀၀ ဂူအတြင္းသို႕ ဝင္ေရာက္သြားျပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။
ေဆးရုံေရာက္
လူငယ္ ၈ ဦးရဲ့ အေျခအေန
ယေန့
ထိုင္းစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီခန့္က ေဆးရံုအုပ္ႀကီး ေဒါက္တာ ေက်းဆဒါး ခ်ဳတ္ဒမ္းလုန္းဆြတ္
ႏွင့္ ေဆးဖက္ဆိုင္ရာ ကြ်မ္းက်င္သူ တာ၀န္ရွိသူမ်ားက ထိုင္းႏိုင္ငံ ခ်င္းရိုင္းၿမိဳ႕ရွိ
ပရခ်ာႏုေခါ့ေဆးရံုႀကီးမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာ ေဆးရံုအုပ္ႀကီးမွ ေျပာၾကားသြားသည္မွာ-
ဂူအတြင္းမွ
ကယ္ထုတ္ျပီးျဖစ္ေသာ လူငယ္ ၈ ဦးရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အနီးကပ္ျပဳစုေစာင့္ေရွာက္မွဳ
အေကာင္းဆံုး ျပဳလုပ္ေပးေနေၾကာင္း၊ မေန႔ကလည္း ၀န္ႀကီးခ်ဳပ္က လူငယ္ေတြနဲ႔ မိသားစုေတြကို
ေတြ႔ဆံုၿပီး လာေရာက္ အားေပးစကားေတြ ေျပာသြားခဲ့ေၾကာင္း၊ လူသယ္မ်ားရဲ႕က်န္းမာေရးနဲ႔
ပတ္သက္ၿပီး အဓိက စစ္ေဆးမႈေတြ လုပ္ရာမွာ အဆုတ္၊ ေသြးေၾကာ၊ ႏွလံုး၊ ဆီး၊ ေသြးျဖဴ၊ ေသြးနီမ်ားမွအစ
လုိအပ္ေသာ စစ္ေဆးမွဳမ်ားျပဳလုပ္ခဲ့ရျပီး ကာကြယ္ေဆးေတြထိုးေပးရေၾကာင္း၊ ဗီတာမင္အားတုိးေဆးမ်ား
တိုက္ေကြ်းရေၾကာင္း၊ ဂူအတြင္းေနထုိင္ခဲ့မွဳဒဏ္ ခႏၶာကိုယ္အပူခ်ိန္မ်ားက အနည္းငယ္ ေလ်ာ့နည္းေနတာကို
စစ္ေဆးေတြ႕ရွိရတဲ့အတြက္ ခႏၶာကိုယ္အေႏြးဓါတ္ေပးထားၿပီး ေစာင့္ေရွာက္ေပးထားရေၾကာင္း၊
လူငယ္ ၈ ဦးအနက္မွ လူငယ္ ၂ ဦးမွာ အဆုတ္အားနည္းေနၿပီး၊ ညာေျခေထာက္ ေျခက်င္း၀တ္မွာ ဒဏ္ရာ
အနည္းငယ္ ရရွိထားေၾကာင္း၊ အဆုတ္ကို ဓါတ္ပံုမွန္ရိုက္ျခင္း၊ လိုအပ္တဲ့ ေဆး၀ါးကုသမႈေတြလည္း
အေကာင္းဆံုးျပဳလုပ္ေပးထားေၾကာင္း၊ ယေန႔မနက္အထိ လူငယ္ ၈ ဦးမွာ ေန႔စဥ္ ေဆးမွတ္တမ္းမ်ားရဲ႕
အစီရင္ခံစာအရ ပံုမွန္အေနအထားအတိုင္းျဖစ္ေနၿပီး မိမိကိုယ္တိုင္ ကုတင္ေပၚက ထိုင္ထျခင္းမ်ားကိုလည္း
ျပဳလုပ္ႏိုင္ေနျပီးျဖစ္ေၾကာင္း၊ အစာအာဟာရမ်ား အေနနွင့္ ၎တို႔ကို စတင္ေတြ႔ရွိၿပီးတ့ဲ
အခ်ိန္မွစၿပီး ကယ္ဆယ္ေရး အဖြ႔ဲေတြက ေဆးဖက္ဆိုင္ရာ အဖြဲ႔ေတြရဲ႕ ညႊန္ၾကားခ်က္ေတြအရ အာဟာရျပည့္အစာေျခာက္မ်ား၊
အစာေပ်ာ့မ်ား(အာဟာရဂ်ယ္လီ)မ်ားနဲ႔ အနီးကပ္ ေကြ်းေမြးကုသခဲ့ျခင္းေၾကာင့္ ျပႆနာအခက္အခဲမ်ား
မရွိေၾကာင္း၊ ေဆးရုံကို စတင္ေရာက္ရွိလာျပီးေနာက္မွာ အစာအာဟာရအတြက္ ဆန္ျပဳတ္လို ခပ္ပ်စ္ပ်စ္
အစားအစာေတြကိုပဲ စားသံုးခြင့္ျပဳခဲ့ေၾကာင္း၊ ယေန့မနက္မွာေတာ့ ပံုမွန္အစားအစာမ်ားကို
စားသံုးႏုိင္ျပီး ျဖစ္ေသာ္လည္း အပူအစပ္မ်ားကိုေတာ့ စားသံုးခြင့္မျပဳေသးေၾကာင္း၊ လူငယ္တခ်ိဳ့ရဲ့
ေျခေထာက္မ်ားမွာ ရရွိထားတဲ့ အနာေတြလည္း ေျခာက္ေသြ႕စျပဳေနျပီးျဖစ္ေၾကာင္း၊ အျခားအျမင္အာရံုနဲ႔
စိတ္က်န္းမာေရးဆရာ၀န္ႀကီးမ်ားလည္း ဒီေဆးရံုမွာ အဆင္သင့္ရွိေနေၾကာင္း၊ လိုအပ္ရင္ စစ္ေဆးမႈေတြ
ျပဳလုပ္သြားမွာျဖစ္ေၾကာင္း၊ ၅ ေယာက္ေျမာက္ကယ္ထုတ္လာေသာ လူငယ္မွာ အပူရွိန္ အရမ္းကို
နည္းပါးေနျပီး ႏွလံုးခုန္ႏွႈန္းမွာလည္း ပံုမွန္ထက္ ေႏွးေကြးေနပါသျဖင့္ ခ်က္ခ်င္း အျမန္ဆံုး
ကုသမႈေတြ ျပဳလုပ္ေပးခဲ့ျပီး ယခုဆိုရင္ ပံုမွန္အေနအထား ျဖစ္ေနျပီးျဖစ္ေၾကာင္း၊ ယေန့မနက္မွာေတာ့
လူငယ္အားလံုးဟာ ရုပ္ပိုင္းဆိုင္ရာအရ ရႊင္လန္းေနၾကၿပီး အဖ်ားလည္း မရွိၾကေတာ့ေၾကာင္း၊
အျခားထူးဆန္းတဲ့ ေရာဂါ (Virus
ေရာဂါပုိး) လကၡဏာမ်ဳိးရွိခဲ့ရင္ေတာ့ ဘန္ေကာက္ေဆးရုံသို႔ ေခၚေဆာင္သြားၿပီး
ႏွစ္ရက္တာ စစ္ေဆးမႈမ်ား ျပဳလုပ္ရမွာ ျဖစ္ေၾကာင္းတုိ့ကုိ ေျပာၾကားသြားပါတယ္။
လူငယ္ေတြနွင့္
၎တုိ့ရဲ့ မိဘမ်ားေတြ့ဆုံမွဳ
ပထမေန့
ကယ္ထုတ္လာေသာ လူငယ္ ၄ ဦးကို မိဘမ်ားနဲ႔ မွန္ခန္းအျပင္ကေနၿပီး ေပးေတြ႕ခဲ့ပါေၾကာင္း၊
ယခုလုိ ေပးေတြ႔တဲ့အခါမွာလည္း မိဘေတြကုိ ၆ ေပအကြာကေန က်န္းမာေရး ေရာဂါပိုးမႊား ကာကြယ္ေရး၀တ္စံုမ်ား
၀တ္ဆင္ကာ ေတြ့ခြင့္ေပးခဲ့ေၾကာင္း၊ ဒီလုိ ေတြ့ခြင့္ေပးရတဲ့အေၾကာင္းရင္းက ျပင္ပက ေရာဂါပိုးမႊားေတြ
မ၀င္ရန္ ထိန္းသိမ္းတဲ့အေနန႔ဲ ျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း၊ ဒုတိယေန့ ကယ္ထုတ္လာေသာ လူငယ္ေတြကေတာ့
အသက္ ၁၂ ႏွစ္ကေန အသက္ ၁၄ ႏွစ္အထိ အရြယ္မ်ား ျဖစ္ျပီး မေန႔ညက ေဆးရုံကုိ ေရာက္ရွိလာရာ
၎တို႔ ရဲ႕ ခႏၶာကိုယ္ ကိုယ္အတြင္း အပူရွိန္မွာ နည္းပါးေနခဲ့တဲ့အတြက္ေၾကာင့္ အေႏြးဓါတ္ေပးေဆးကုသမႈေတြ
ျပဳလုပ္ေပးထားေၾကာင္းတုိ့ကုိေျပာဆုိသြားပါတယ္။
Image: ABC News
ေလးစားစြာျဖင့္၊
အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊
ၾသစေၾတးလွ် Naing
Myanmar/Australia
ျဖစ္ရပ္မွန္
သတင္းမ်ား True News
Unicode
ဇူလိုင်
၁၀၊ ၂၀၁၈ ဂူအတွင်းပိတ်မိနေသော လူငယ်တွေနဲ့ ပတ်သက်လို့ နောက်ဆုံးရသတင်း
မယ်ဆိုင်ဂူအတွင်းမှ
စုစုပေါင်း လူငယ် ၈ ယောက်မြောက်ကို ခေါ်ထုတ်ထားပြီး ကျန်ရှိသည့် ၅ ယောက်ကို ကယ်ထုတ်ရန် တတိယအကြိမ်ကယ်ဆယ်ရေးအစီအစဉ်အတွက်
လိုအပ်သည့်ပြင်ဆင်မှုများကို ယနေ့မနက်၁၀ ကျော်ခန့်က ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း
သိရပါတယ်၊
ယနေ့ ကယ်ဆယ်ရေး
တတိယနေ့ အဖွဲ့တွင် ကျွမ်းကျင်ရေငုပ်သမားများ ၁၉ ယောက်၊ အကူအဖွဲ့ဝင်အင်အား ၁၀ဝ ဂူအတွင်းသို့
ဝင်ရောက်သွားပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။
ဆေးရုံရောက်
လူငယ် ၈ ဦးရဲ့ အခြေအနေ
ယနေ့ ထိုင်းစံတော်ချိန်
နံနက် ၁၀ နာရီခန့်က ဆေးရုံအုပ်ကြီး ဒေါက်တာ ကျေးဆဒါး ချုတ်ဒမ်းလုန်းဆွတ် နှင့် ဆေးဖက်ဆိုင်ရာ
ကျွမ်းကျင်သူ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ပရချာနုခေါ့ဆေးရုံကြီးမှာ
သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ဆေးရုံအုပ်ကြီးမှ ပြောကြားသွားသည်မှာ-
ဂူအတွင်းမှ
ကယ်ထုတ်ပြီးဖြစ်သော လူငယ် ၈ ဦးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အနီးကပ်ပြုစုစောင့်ရှောက်မှု
အကောင်းဆုံး ပြုလုပ်ပေးနေကြောင်း၊ မနေ့ကလည်း ဝန်ကြီးချုပ်က လူငယ်တွေနဲ့ မိသားစုတွေကို
တွေ့ဆုံပြီး လာရောက် အားပေးစကားတွေ ပြောသွားခဲ့ကြောင်း၊ လူသယ်များရဲ့ကျန်းမာရေးနဲ့
ပတ်သက်ပြီး အဓိက စစ်ဆေးမှုတွေ လုပ်ရာမှာ အဆုတ်၊ သွေးကြော၊ နှလုံး၊ ဆီး၊ သွေးဖြူ၊ သွေးနီများမှအစ
လိုအပ်သော စစ်ဆေးမှုများပြုလုပ်ခဲ့ရပြီး ကာကွယ်ဆေးတွေထိုးပေးရကြောင်း၊ ဗီတာမင်အားတိုးဆေးများ
တိုက်ကျွေးရကြောင်း၊ ဂူအတွင်းနေထိုင်ခဲ့မှုဒဏ် ခန္ဓာကိုယ်အပူချိန်များက အနည်းငယ် လျော့နည်းနေတာကို
စစ်ဆေးတွေ့ရှိရတဲ့အတွက် ခန္ဓာကိုယ်အနွေးဓါတ်ပေးထားပြီး စောင့်ရှောက်ပေးထားရကြောင်း၊
လူငယ် ၈ ဦးအနက်မှ လူငယ် ၂ ဦးမှာ အဆုတ်အားနည်းနေပြီး၊ ညာခြေထောက် ခြေကျင်းဝတ်မှာ ဒဏ်ရာ
အနည်းငယ် ရရှိထားကြောင်း၊ အဆုတ်ကို ဓါတ်ပုံမှန်ရိုက်ခြင်း၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေလည်း
အကောင်းဆုံးပြုလုပ်ပေးထားကြောင်း၊ ယနေ့မနက်အထိ လူငယ် ၈ ဦးမှာ နေ့စဉ် ဆေးမှတ်တမ်းများရဲ့
အစီရင်ခံစာအရ ပုံမှန်အနေအထားအတိုင်းဖြစ်နေပြီး မိမိကိုယ်တိုင် ကုတင်ပေါ်က ထိုင်ထခြင်းများကိုလည်း
ပြုလုပ်နိုင်နေပြီးဖြစ်ကြောင်း၊ အစာအာဟာရများ အနေနှင့် ၎င်းတို့ကို စတင်တွေ့ရှိပြီးတဲ့
အချိန်မှစပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ဆေးဖက်ဆိုင်ရာ အဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေအရ အာဟာရပြည့်အစာခြောက်များ၊
အစာပျော့များ(အာဟာရဂျယ်လီ)များနဲ့ အနီးကပ် ကျွေးမွေးကုသခဲ့ခြင်းကြောင့် ပြဿနာအခက်အခဲများ
မရှိကြောင်း၊ ဆေးရုံကို စတင်ရောက်ရှိလာပြီးနောက်မှာ အစာအာဟာရအတွက် ဆန်ပြုတ်လို ခပ်ပျစ်ပျစ်
အစားအစာတွေကိုပဲ စားသုံးခွင့်ပြုခဲ့ကြောင်း၊ ယနေ့မနက်မှာတော့ ပုံမှန်အစားအစာများကို
စားသုံးနိုင်ပြီး ဖြစ်သော်လည်း အပူအစပ်များကိုတော့ စားသုံးခွင့်မပြုသေးကြောင်း၊ လူငယ်တချို့ရဲ့
ခြေထောက်များမှာ ရရှိထားတဲ့ အနာတွေလည်း ခြောက်သွေ့စပြုနေပြီးဖြစ်ကြောင်း၊ အခြားအမြင်အာရုံနဲ့
စိတ်ကျန်းမာရေးဆရာဝန်ကြီးများလည်း ဒီဆေးရုံမှာ အဆင်သင့်ရှိနေကြောင်း၊ လိုအပ်ရင် စစ်ဆေးမှုတွေ
ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ၅ ယောက်မြောက်ကယ်ထုတ်လာသော လူငယ်မှာ အပူရှိန် အရမ်းကို
နည်းပါးနေပြီး နှလုံးခုန်နှုန်းမှာလည်း ပုံမှန်ထက် နှေးကွေးနေပါသဖြင့် ချက်ချင်း အမြန်ဆုံး
ကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး ယခုဆိုရင် ပုံမှန်အနေအထား ဖြစ်နေပြီးဖြစ်ကြောင်း၊ ယနေ့မနက်မှာတော့
လူငယ်အားလုံးဟာ ရုပ်ပိုင်းဆိုင်ရာအရ ရွှင်လန်းနေကြပြီး အဖျားလည်း မရှိကြတော့ကြောင်း၊
အခြားထူးဆန်းတဲ့ ရောဂါ (Virus
ရောဂါပိုး) လက္ခဏာမျိုးရှိခဲ့ရင်တော့ ဘန်ကောက်ဆေးရုံသို့ ခေါ်ဆောင်သွားပြီး
နှစ်ရက်တာ စစ်ဆေးမှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်းတို့ကို ပြောကြားသွားပါတယ်။
လူငယ်တွေနှင့်
၎င်းတို့ရဲ့ မိဘများတွေ့ဆုံမှု
ပထမနေ့ ကယ်ထုတ်လာသော
လူငယ် ၄ ဦးကို မိဘများနဲ့ မှန်ခန်းအပြင်ကနေပြီး ပေးတွေ့ခဲ့ပါကြောင်း၊ ယခုလို ပေးတွေ့တဲ့အခါမှာလည်း
မိဘတွေကို ၆ ပေအကွာကနေ ကျန်းမာရေး ရောဂါပိုးမွှား ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ကာ တွေ့ခွင့်ပေးခဲ့ကြောင်း၊
ဒီလို တွေ့ခွင့်ပေးရတဲ့အကြောင်းရင်းက ပြင်ပက ရောဂါပိုးမွှားတွေ မဝင်ရန် ထိန်းသိမ်းတဲ့အနေနဲ့
ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ဒုတိယနေ့ ကယ်ထုတ်လာသော လူငယ်တွေကတော့ အသက် ၁၂ နှစ်ကနေ အသက်
၁၄ နှစ်အထိ အရွယ်များ ဖြစ်ပြီး မနေ့ညက ဆေးရုံကို ရောက်ရှိလာရာ ၎င်းတို့ ရဲ့ ခန္ဓာကိုယ်
ကိုယ်အတွင်း အပူရှိန်မှာ နည်းပါးနေခဲ့တဲ့အတွက်ကြောင့် အနွေးဓါတ်ပေးဆေးကုသမှုတွေ ပြုလုပ်ပေးထားကြောင်းတို့ကိုပြောဆိုသွားပါတယ်။
လေးစားစွာဖြင့်၊
အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊
သြစတြေးလျှ Naing
Myanmar/Australia
ဖြစ်ရပ်မှန်
သတင်းများ True News


No comments:
Post a Comment