Saturday, July 28, 2018







ဇူလိုင် ၂၉၊ ၂၀၁၈



Reference Link: https://www.facebook.com/zinmoe.official/posts/525476927881921

Unicode
ဘီးလင်းမြို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တပ်မတော်သား ၃ ဦးပျောက်ဆုံးနေသည်ဟုဆို

ဇူလိုင် ၂၉၊ ၂၀၁၈

ဘီးလင်းမြို့ လမ်းရေကျော်နေတဲ့ နေရာမှာ ဖြတ်ကူးသွားတဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ခလရ ၂ က တပ်မတော်သား ၇ ဦး ရေထဲမျောပါသွားတာ ၄ ဦးကယ်တင် ရရှိပြီး ၃ ဦးပျောက်ဆုံးနေကြောင်း၊ ခဏက Live (Zin Moe Facebook) လွှင့်တဲ့နေရာပါ။ မှတ်မှတ်ရရ သူတို့ကို ကိုယ်တောင် ဓါတ်ပုံရိုက်လိုက်သေးတယ်၊ ကူးနေတဲ့ အချိန်မှာလဲ အန္တရာယ်များလို့ ကိုယ်တောင် ဓါတ်ပုံဆွဲ ရိုက်လိုက်သေးတယ်၊ ခုသတင်းဆိုးကြားရတယ်၊ ကယ်ရတဲ့ ၄ ယောက်တောင် ဓါတ်တိုင်ကို ဖက်ကျန်ခဲ့လို့ ကယ်ဆယ် ရရှိခဲ့ပါတယ်၊ ကျိုက်ထိုက တပ်လို့သိရပါတယ်၊ နောက်ထပ်သတင်းအရ အရဲစွန့်ပြီး ဖြတ်ကူးသူတွေ အလယ်ခေါင်မှာ ပိတ်မိနေပြီး သစ်ပင်ဖက်ထားသူတွေ ရှိနေတယ်တဲ့၊ သက်ဆိုင်ရာ တပ်ကို သတင်းပို့ထားပြီး စက်လှေ လွှတ်ထားတယ်လို့ ပြောပါတယ် လို့ Zin Moe မှ ၎င်း၏ Facebook မှာ ဇူလိုင် ၂၇ ရက် နေ့စွဲဖြင့် ရေးသားထားပါတယ်။

အခြေအနေက နောက်ထပ် ၂ ရက် ၃ ရက်လောက်ထိ လမ်းပိတ်ရန် ရှိပါတယ်လို့လည်း ဆိုပါတယ်။

လေးစားစွာဖြင့်- နှင်းမောင်
ကိုးကား Reference: Zin Moe

No comments:

Post a Comment