အားလုံးဂူအပြင်ရောက်ပြီး
ဇူလိုင် ၁၀၊ ၂၀၁၈
Unicode
မယ်ဆိုင်လှိုဏ်ဂူအတွင်းပိတ်မိနေသော
လူငယ် ၁၂ ဦးနဲ့ နည်းပြတဦးတို့ ဂူအပြင်ရောက်ပြီး
မယ်ဆိုင်လှိုဏ်ဂူအတွင်းပိတ်မိနေသော
လူငယ် ၁၂ ဦးနဲ့ နည်းပြတဦးတို့ ဂူအပြင် ရောက်ပြီးဖြစ်ကြောင်း သတင်းဌာနပေါင်းများစွာက
တင်ပြသွားကြပါတယ်၊ တချို့သူတွေ ကလဲ ကယ်ဆယ်ရေး (Mission) လုပ်ဆောင်မှု မပြီးဆုံးသေးပါ ဂူအတွင်း
ကျန်ရှိနေတဲ့ လူငယ်တွေနဲ့ နောက်ဆုံးအချိန်အထိ နေပေးခဲ့တဲ့ ဆရာဝန်နဲ့ ရေငုတ်ကျွမ်းကျင်သူ
၃ ဦးတို့ ထွက်လာမှ ပြီးဆုံးမည်ဖြစ်ကြောင်း မှတ်ချက်ပေးပြောဆိုနေကြပါတယ်။ ဘာတွေဘယ်လိုပြောပြော
သတင်းဌာနပေါင်းများစွာရဲ့ တင်ပြချက်အရ လူငယ်အားလုံး အသက်ရှင်လျှက် ဂူအပြင်ပြန်ရောက်ပြီး
ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။
အချိန်နှင့် တပြေးညီ သတင်းတင်ပြနိုင်ရန်
အတွက် သတင်းအတည်ပြုချက်ရယူနိုင်ရန် ဖြစ်ရပ်မှန် သတင်းများအဖွဲ့မှ သတင်းဌာန အားလုံးရဲ့
လှုပ်ရှားမှု အားလုံးကို အနီးကပ် စောင့်ကြည့်နေပါတယ်။
လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia
No comments:
Post a Comment