Monday, July 9, 2018

မယ္ဆိုင္လိွုဏ္ဂူအတြင္းပိတ္မိေနေသာ လူငယ္ေတြနဲ့ပတ္သက္လုိ့ ယေန့ထုိင္းသတင္းစာရွင္းလင္းေရးအဖြဲ့ အတည္ျပဳခ်က္



မယ္ဆိုင္လိွုဏ္ဂူအတြင္းပိတ္မိေနေသာ လူငယ္ေတြနဲ့ပတ္သက္လုိ့ ယေန့ထုိင္းသတင္းစာရွင္းလင္းေရးအဖြဲ့ အတည္ျပဳခ်က္

ဇူလုိင္ ၊ ၂၀၁၈

သတင္း အတည္ျပဳခ်က္ရ

ယေန့ထုိင္းသတင္းစာရွင္းပြဲမွာ ထုိင္းဘုရင္မင္းရဲ့ ကယ္ဆယ္ေရးအဖြဲ့ အသီးသီးကုိ ခ်ီးက်ဳးဂုဏ္ျပဳ ေက်းဇူးတင္ေၾကာင္းအမွာစကားကုိ သတင္းျပန္ၾကားေရး တာဝန္ရွွိသူမွ ထုိင္းဘုရင္မင္းရဲ့ ကုိယ္စားေျပာၾကားျပီး စတင္ခဲ့ပါတယ္။

သတင္းကြန္ယက္မ်ားမွ လူငယ္ ဦးေျမာက္ကုိ ကယ္ထုတ္နဳိင္ျပီးဟု ခပ္ေစာေစာက လူေျပာသူေျပာမ်ားေနသည့္ အတုိင္း ေန့သက္ဆုိင္ရာထုိင္းသတင္းစာရွင္းလင္းပြဲ အတည္ျပဳခ်က္အရလည္း ၈ ဦးျဖစ္ေၾကာင္းသိရွိရပါတယ္၊ ယေန့ ကယ္ဆယ္ေရးမွာ ကယ္ဆယ္ေရး အဖြဲ့ဝင္ေပါင္း ၁၀၀ ပါ၀င္ခဲ့ျပီး အခ်ိန္ ၉ နာရီၾကာျမွင့္ခဲ့ျပီး ယမန္ေန့ကထက္ ၂ နာရီ ပုိမုိျမန္ဆန္ခဲ့ေၾကာင္း သတင္းျပန္ၾကားေရး တာဝန္ရွွိသူမွေျပာၾကားသြားပါတယ္။

ယေန့ ထုိင္းဝန္ၾကီးခ်ဳပ္ ကယ္ဆယ္ေရးအဖြဲ့ အသီးသီးကုိ လာေရာက္အားေပး အမွာစကားမ်ားေျပာၾကားသြားေၾကာင္းကုိလည္း တာဝန္ရွွိသူမွေျပာၾကားသြားပါတယ္။

သတင္းစာရွင္းလင္းပြဲ တာဝန္ရွိသူမွ ၎ကုိယ္တုိင္ သိၾကားမင္းကုိေျပာျပီး မုိးကုိတားထားေၾကာင္း အရြန္းေဖါက္ျပီး သတင္းသမားမ်ားကုိေျပာဆုိရာ၊ သတင္းသမားတခ်ိဳ့က မုိးကုိတားနည္းေပးနုိင္မလားေမးျမန္းရာ၊ မေပးနုိင္ေၾကာင္း အရြန္းေဖါက္ေနာက္ေျပာင္ ျပန္လည္ေျဖၾကားသြားပါတယ္။

သတင္းသမားအခ်ိဳ့ရဲ့ ဂူတြင္းက်န္ရွိေနေသာ လူငယ္ ၅ ဦး ရဲ့ က်မၼာေရးအေျခအေနကုိ ေမးျမန္းရာ အားလုံးက်မၼာေၾကာင္း၊ ယေန့ကယ္ထုတ္လာသူေတြလည္းအားလုံးက်မၼာေၾကာင္း ေျဖၾကားသြားပါတယ္။

သတင္းသမားတခ်ိဳ့က နံျဖန္ လက္က်န္ ၅ ဦးလုံး ေခၚထုတ္နဳိင္မလားဟုေမးျမန္းရာ၊ ၎တုိ့ အေနျဖင့္တိတိက်က်မေျပာဆုိနဳိင္ေၾကာင္း၊ နုိင္ငံျခား ပညာရွင္ၾကီးမ်ား ညြွန္းၾကားခ်က္ကုိ လုိက္နာလုပ္ေဆာင္ေနရေၾကာင္း၊ ရာသီဥတုအေျခအေန နွင့္ တျခားအေျခအေနအရပ္ရပ္ေပၚ မူတည္ျပီးလုပ္ေဆာင္ေနရတာျဖစ္လုိ့ အေျခအေနေပၚမူတည္ျပီးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းတုိ့ကုိ ေျပာဆုိသြားပါတယ္။

သတင္းတင္ျပသူ
ေလးစားစြာျဖင့္၊ အမ်ားအက်ိဳးေမွ်ာ္ကုိးလွ်က္
နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္ သတင္းမ်ား True News

Unicode

မယ်ဆိုင်လှိုဏ်ဂူအတွင်းပိတ်မိနေသော လူငယ်တွေနဲ့ပတ်သက်လို့ ယနေ့ထိုင်းသတင်းစာရှင်းလင်းရေးအဖွဲ့ အတည်ပြုချက်

ဇူလိုင် ၉၊ ၂၀၁၈

သတင်း အတည်ပြုချက်ရ

ယနေ့ထိုင်းသတင်းစာရှင်းပွဲမှာ ထိုင်းဘုရင်မင်းရဲ့ ကယ်ဆယ်ရေးအဖွဲ့ အသီးသီးကို ချီးကျုးဂုဏ်ပြု ကျေးဇူးတင်ကြောင်းအမှာစကားကို သတင်းပြန်ကြားရေး တာဝန်ရှိသူမှ ထိုင်းဘုရင်မင်းရဲ့ ကိုယ်စားပြောကြားပြီး စတင်ခဲ့ပါတယ်။

သတင်းကွန်ယက်များမှ လူငယ် ၈ ဦးမြောက်ကို ကယ်ထုတ်နိုင်ပြီးဟု ခပ်စောစောက လူပြောသူပြောများနေသည့် အတိုင်း ယနေ့သက်ဆိုင်ရာထိုင်းသတင်းစာရှင်းလင်းပွဲ အတည်ပြုချက်အရလည်း ၈ ဦးဖြစ်ကြောင်းသိရှိရပါတယ်၊ ယနေ့ ကယ်ဆယ်ရေးမှာ ကယ်ဆယ်ရေး အဖွဲ့ဝင်ပေါင်း ၁၀ဝ ပါဝင်ခဲ့ပြီး အချိန် ၉ နာရီကြာမြှင့်ခဲ့ပြီး ယမန်နေ့ကထက် ၂ နာရီ ပိုမိုမြန်ဆန်ခဲ့ကြောင်း သတင်းပြန်ကြားရေး တာဝန်ရှိသူမှပြောကြားသွားပါတယ်။

ယနေ့ ထိုင်းဝန်ကြီးချုပ် ကယ်ဆယ်ရေးအဖွဲ့ အသီးသီးကို လာရောက်အားပေး အမှာစကားများပြောကြားသွားကြောင်းကိုလည်း တာဝန်ရှိသူမှပြောကြားသွားပါတယ်။

သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူမှ ၎င်းကိုယ်တိုင် သိကြားမင်းကိုပြောပြီး မိုးကိုတားထားကြောင်း အရွန်းဖေါက်ပြီး သတင်းသမားများကိုပြောဆိုရာ၊ သတင်းသမားတချို့က မိုးကိုတားနည်းပေးနိုင်မလားမေးမြန်းရာ၊ မပေးနိုင်ကြောင်း အရွန်းဖေါက်နောက်ပြောင် ပြန်လည်ဖြေကြားသွားပါတယ်။

သတင်းသမားအချို့ရဲ့ ဂူတွင်းကျန်ရှိနေသော လူငယ် ၅ ဦး ရဲ့ ကျမ္မာရေးအခြေအနေကို မေးမြန်းရာ အားလုံးကျမ္မာကြောင်း၊ ယနေ့ကယ်ထုတ်လာသူတွေလည်းအားလုံးကျမ္မာကြောင်း ဖြေကြားသွားပါတယ်။

သတင်းသမားတချို့က နံဖြန် လက်ကျန် ၅ ဦးလုံး ခေါ်ထုတ်နိုင်မလားဟုမေးမြန်းရာ၊ ၎င်းတို့ အနေဖြင့်တိတိကျကျမပြောဆိုနိုင်ကြောင်း၊ နိုင်ငံခြား ပညာရှင်ကြီးများ ညွှန်းကြားချက်ကို လိုက်နာလုပ်ဆောင်နေရကြောင်း၊ ရာသီဥတုအခြေအနေ နှင့် တခြားအခြေအနေအရပ်ရပ်ပေါ် မူတည်ပြီးလုပ်ဆောင်နေရတာဖြစ်လို့ အခြေအနေပေါ်မူတည်ပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းတို့ကို ပြောဆိုသွားပါတယ်။

တင်ပြသူ
လေးစားစွာဖြင့်၊ အများအကျိုးမျှော်ကိုးလျှက်
နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia

ဖြစ်ရပ်မှန် သတင်းများ True News

No comments:

Post a Comment