Tuesday, July 31, 2018

ေရစီးႏွင့္အတူ ေမ်ာပါသြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ ေနာက္ထပ္စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား ထပ္မံေတြ႕ရွိ





ေရေဘးသင့္ ျပည္သူမ်ားအား ကူညီကယ္ဆယ္စဥ္ ေရစီးႏွင့္အတူ ေမ်ာပါသြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ ေနာက္ထပ္စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား ထပ္မံေတြ႕ရွိ

ဘီးလင္း၊ ဇူလိုင္ ၃၁၊ ၂၀၁၈

ဘီးလင္းၿမဳိ႕နယ္အတြင္း ေရေဘးသင့္ေဒသခံျပည္သူမ်ားအား ကူညီကယ္ဆယ္စဥ္ ေရစီးႏွင့္အတူ ေမ်ာပါသြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္း အား ထပ္မံေတြ႕ရွိိခဲ့ေၾကာင္း နွင့္ က်န္စစ္သည္ ၁ ဦးအား ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္းတုိ့ကုိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးFacebook တြင္ ယေန့ေဖၚျပထားပတယ္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္အတြင္း ဇူလုိင္ ၂၅ ရက္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ နယ္ေျမခံတပ္မေတာ္သားမ်ားက ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ေဒသခံကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ ပူးေပါင္း၍ ေရေဘးကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိစဥ္ ဇူလုိင္ ၂၇ ရက္ မြန္းလြဲပိုင္းတြင္ ေရစီးႏွင့္အတူ ေမ်ာပါေပ်ာက္ဆုံး သြားခဲ့သည့္ စစ္သည္ ၃ ဦးအနက္ စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား ယမန္ေန႔ ေန႔လယ္ပုိင္းတြင္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး ယင္းေန႔ ညေနပိုင္းတြင္ တပ္မေတာ္လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ စစ္အခမ္းအနားျဖင့္ ေကာင္းမြန္စြာသၿဂႋဳဟ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ က်န္စစ္သည္ ၂ ဦးအား ဆက္လက္ရွာေဖြခဲ့ရာ ယေန႔နံနက္ ၈ နာရီ ၄၅ မိနစ္ခန္႔တြင္ မေစာတံတား၏ ေတာင္ဘက္ မီတာ ၁၄၀၀ ခန္႔အကြာ ေရေအာက္ရွိ ခ်ဳံႏြယ္ မ်ားအတြင္း ၿငိတြယ္လ်က္ရွိေသာ စစ္သည္ ၁ ဦး၏ ႐ုပ္အေလာင္းအား ထပ္မံရွာေဖြ ေတြ႕ရွိခဲ့ၿပီး ဘီးလင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသုိ႔ ပို႔ေဆာင္၍ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္ရြက္လ်က္ရွိကာ ၎စစ္သည္႐ုပ္အေလာင္းအား စစ္အခမ္းအနားျဖင့္ ေကာင္းမြန္စြာ သၿဂႋဳဟ္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ က်န္စစ္သည္ ၁ ဦးအား ဆက္လက္ရွာေဖြလ်က္ရွိ ေၾကာင္းတုိ့ကုိ ဆက္လက္ေဖၚျပထားပါတယ္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး Facebook

Unicode
ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် နောက်ထပ်စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိ

ဘီးလင်း၊ ဇူလိုင် ၃၁၊ ၂၀၁၈

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်း အား ထပ်မံတွေ့ရှိခဲ့ကြောင်း နှင့် ကျန်စစ်သည် ၁ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook တွင် ယနေ့ဖေါ်ပြထားပတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၅ ရက် ရေကြီးရေလျှံမှုများကြောင့် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး သွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် တပ်မတော်လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေခဲ့ရာ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀ဝ ခန့်အကွာ ရေအောက်ရှိ ချုံနွယ် များအတွင်း ငြိတွယ်လျက်ရှိသော စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ၎င်းစစ်သည်ရုပ်အလောင်းအား စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်စစ်သည် ၁ ဦးအား ဆက်လက်ရှာဖွေလျက်ရှိ ကြောင်းတို့ကို ဆက်လက်ဖေါ်ပြထားပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook

No comments:

Post a Comment